Trending Now

ကမ္ဘာတစ်ဝန်း ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ်ကို ဒေါ်လာ ၁၅၀၀ ဘီလီယံခန့် ဆုံးရှုံး

Spread the love

ကမ္ဘာတစ်ဝန်း ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ်ကို ဒေါ်လာ ၁၅၀၀ ဘီလီယံခန့် ဆုံးရှုံး

EPN
နိုင်ငံတကာ၊ ဇွန် ၃

ကမ္ဘာတစ်ဝန်း ဆေးလိပ်သောက်သုံးမှုနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးနဲ့ အခြားကုန်ကျစရိတ်တွေဟာ တစ်နှစ်ကို ဒေါ်လာ ၁၅၀၀ ဘီလီယံခန့်ရှိတယ်လို့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးမူဝါဒအဖွဲ့အစည်း ကဆိုပါတယ်။

ဒါ့အပြင် ၂၀ ရာစုနှစ် တစ်ခုတည်းအတွင်းမှာပဲ ဆေးလိပ်သောက်ခြင်းကြောင့် လူပေါင်း သန်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဆေးရွက်ကြီး ကပ်ရောဂါ ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နဲ့ ဆေးလိပ်အပေါ် အခွန်တိုးမြှင့်မှုတွေ ဈေးကွက်ကန့်သတ်မှုတွေ ပြုလုပ်တဲ့ပြုလုပ်ခဲ့ကြပြီး နိုင်ငံအများစုမှာတော့ ကြီးမားတဲ့ တိုးတက်မှုတွေရှိခဲ့ပါတယ်။

စစ်တမ်းအရ ကမ္ဘာတစ်ဝန်း ဆေးလိပ်သောက်သုံးမှုဟာ ၂၀၀၇ ခုနှစ်မှာ ၂၂.၆ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် မှာတော့ ၁၉.၆ ရာခိုင်နှုန်း အောက်ကို သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အတိအကျစစ်တမ်းကောက်ယူနိုင်ခြင်းမရှိတဲ့ အာဖရိကတိုက်လို ဆင်းရဲနွမ်းပါးတဲ့ နေရာဒေသတွေမှာတော့ ဆေးရွက်ကြီးအန္တရာယ် သိသိသာသာကြီးထွားလာနေတာကိုတော့ ထိမ်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါ့ကြောင့် ဆေးရွက်ကြီးလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီတွေဟာ ဆေးရွက်ကြီးလုပ်ငန်း ကန့်သတ်ထားခြင်းမရှိတဲ့ ကမ္ဘာ့နိုင်ငံအချို့ကို ဈေးကွက်ရွှေ့ပြောင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ် လူငယ် တွေကို ပစ်မှတ်ထား လာကြပါတယ်။

ဆေးရွက်ကြီးလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ အခွန်ကောက်ခံခြင်းဟာ ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းချုပ်ဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်ဆိုပေမယ့် သေခြားစီစစ်နိုင်ခြင်းမရှိတဲ့ နိုင်ငံ ၆၃ မှာတော့ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား လူငယ်တွေ ဆေးလိပ်သောက်သုံးမှု မြင့်တက်လာတယ်လို့ ဆိုပါတယ်။

အဲဒီအန္တရာယ်တွေကို လျော့ချဖို့အတွက် ဆင်းရဲနွမ်းပါးနေတဲ့ ဆေးရွက်ကြီးစိုက်ပျိုးသူတွေကို အစိုးရတွေအနေနဲ့ ကူညီပံပိုးပြီး အခြားအစားထိုး သီးနှံစိုက်ပျိုးခြင်းကို ကူးပြောင်းနိုင်မှသာ ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေကို ရလာမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Source – guardian

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။