Trending Now

မြစ်ကြီးနားမြို့ဘက်သို့ သယ်ဆောင်လာသည့် ဘိန်းဖြူများ မိုးညှင်းမြို့တွင် ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ဘက်သို့ သယ်ဆောင်လာသည့် ဘိန်းဖြူများ မိုးညှင်းမြို့တွင် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ သယ်ဆောင်လာသည့် ဘိန်းဖြူများ မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ယုံဒတ်နှင့် မဇင်မျိုးနွယ် တို့သယ်ဆောင်လာသော မွေ့ရာများအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅ ဒဿမ ၉၄ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၈၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ယုံဒတ် (၃၀)နှစ်နှင့် မဇင်မျိုးနွယ် (၂၈)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။