Trending Now

အကြမ်းဖက်သမားတွေကို ကူညီထောက်ပံ့ပေးနေတယ်ဟုဆိုကာ မုံရွာမြို့က လူ ၅ ဦးကို ထောက်ပံရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီး

Spread the love

အကြမ်းဖက်သမားတွေကို ကူညီထောက်ပံ့ပေးနေတယ်ဟုဆိုကာ မုံရွာမြို့က လူ ၅ ဦးကို ထောက်ပံရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီး

EPN
မုံရွာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ကမ္ဘာသစ်လမ်းမှာရှိတဲ့ တံဆိပ်ရိုက် လုပ်ငန်းရုံတစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက်၊ မနေ့က နေ့ခင်းမှာ နယ်မြေရှင်းလင်းရေး လုံခြုံရေးအဖွဲ့တွေက ရုတ်တရက် ဝင်ရောက်စစ်ဆေးရှာဖွေကာ အကြမ်းဖက်သမားတွေကို ကူညီထောက်ပံပေးနေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ အတူ အကြမ်းဖက်အားပေး လူ ၅ ဦး အဖမ်းခံလိုက်ရတယ်လို့ မုံရွာမြို့ခံ ဆေးဆိုးပန်းရိုက် လုပ်ငန်းရှင်တွေထံက သိရပါတယ်။

“အဖမ်းခံရတယ်ဆိုတဲ့ လုပ်ငန်းက ခိုင်သဇင် တံဆိပ်ရိုက် လုပ်ငန်းဖြစ်တယ်၊ PDF ဝတ်စုံတွေ ရိုက်ပေးတဲ့အတွက် ဖမ်းခံရတာ” လို့ တံဆိပ်ရိုက် လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး မုံရွာခရိုင်စီမံခန့်ခွဲရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ အားပေး ကူညီနေတဲ့ မုံရွာမြို့အလယ်ရပ်နေသူ ခင်မို့မို့ခိုင်၊ စိုးမိုးအောင်၊ မိုးမိုးဆွေ၊ မြတ်မာမာအောင်နှင့် ဝင်းဝင်းနွယ်တို့အားဖမ်းဆီးရမိတာပါ” လို့ ပြောပါတယ် ။

ဒါ့အပြင် အဲ့ဒီ အဖမ်းခံရတဲ့ လူ ၅ ယောက်နဲ့အတူ မြင်မူ အကြမ်းဖက်အဖွဲ့နဲ့ ချောင်းဦး အကြမ်းဖက်တွေအတွက် ပို့ဆောင်ပေးဖို့ ထုပ်ပိုးထားတဲ့ MMU-PDF တံဆိပ်ပါ တီရှပ်အင်္ကျီ (၃၀)ထည်ပါ (၄) ထုတ်၊ တာဝန်တံဆိပ်ပါ လက်ပတ်အနီ(၂၀)ခု၊ PDF တံဆိပ်ပါအလံအနီ (၇၀)ခု၊ တီရှပ် အင်္ကျီအနက် (၅၀)ထည်ပါ (၄)ထုတ်၊ တီရှပ်အင်္ကျီအနီ (၃၀၀)ထည်ပါ (၁)ထုတ်၊ တံဆိပ် ရိုက်အပူပေးစက် (၁)လုံး၊ PDF တံဆိပ်ရိုက်ခွက် (၃)ခု၊ တံဆိပ်ရိုက်ခွင် ၁၂ ခုနှင့် NLD တံဆိပ်ပါ MASK (၁၀၀)ခုတို့အား သိမ်းဆည်းရမိတယ်လို့ သူက ဆက်လက်ပြီး ပြောပါတယ်။

အဲ့ဒီအပြင် အဖမ်းခံရသူတွေရဲ့ နေအိမ်တိုက်တာ ၊ ဆိုင်ခန်းတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းချိတ်ပိတ်သွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။