Trending Now

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Spread the love

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဇွန် ၂၁

ကချင်ပြည်နယ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ ဇွန်လ ၂၁ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကြုံတွေလာသည့်အခါ အသက်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျနားလည်သိရှိနိုင်စေရန်ဘရည်ရွယ်ကာ ဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” သဘာဝဘေးအန္တရာယ်တွေက အချိန်မရွေး၊ နေရာမရွေး ရှိလာနိုင်တယ်။ ဒါကြောင့် မြစ်ကြီးနားမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာတွေကို နားလည်သိရှိစေဖို့၊ ကြုံတွေ့လာရင်လည်း ကာကွယ်ရေးလုပ်ငန်းတွေကို တက်ကျွမ်းထားစေဖို့ ရည်ရွယ်ပြီး ဟောပြောပွဲတွေကို ရပ်ကွက်တွေမှာဆင်းပြီး ဆောင်ရွက်ဖြစ်တာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ယင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို တစ်ရက်လျှင် ရပ်ကွက် ၂ ရပ်ကွက်နှုန်းဖြင့် လှည့်လည်ကာ ဟောပြောပွဲများကိုပြုလုပ်လျက်ရှိပြီး သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များဖြစ်သည့် ဒူကထောင်၊ သီတာ၊ ဧရာ၊ ယုဇန၊ မြေမြင့်၊ မြို့သစ်ကြီး၊ အောင်နန်း၊ အေးစေတီ၊ ရမ်ပူ၊ ကြက်ပေါင်ခြံ စသည့် စုစုပေါင်း ရပ်ကွက် ၁၀ ရပ်ကွက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။