Trending Now

ပေကျင်းမြို့တော်အနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည် မြင့်တက် လာခြင်းကြောင့် လော့ဒေါင်းပြုလုပ်

Spread the love

ပေကျင်းမြို့တော်အနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည် မြင့်တက် လာခြင်းကြောင့် လော့ဒေါင်းပြုလုပ်

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

တရုတ်နိုင်ငံ ပေကျင်းမြို့အနီးတွင် မကြာသေးမီရက်များအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အနည်းငယ် မြင့် တက်လာပြီးနောက် တင်းကျပ် သည့် အစီအမံများကို ပြန်လည်ချမှတ်လိုက်ပြီဖြစ်ရာ လူပေါင်း ၄၀၀၀၀၀ ဝန်းကျင် ကို အကျိုးသက်ရောက်စေခဲ့သည်။

ပေကျင်းမြို့တော်အနီး ဟီဘေးပြည်နယ်၊ အန်ဇင်စီရင်စုတွင် ကန့်သတ်ချက်များ အသက်ဝင်လာခဲ့ပြီဖြစ်သည်။ ပြီး ခဲ့သည့် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တိုင်းပြည်တွင်း ဗိုင်းရပ်စ်ကူးစက်သစ် နည်းပါးအောင် စီမံနိုင်ခဲ့သည်။

ဒုတိယလှိုင်းကို ရှောင်ရှားရန်အတွက် အလွန်သေးငယ်သည့် ကူးစက်မှုများကို အလေးအနက်ထားသင့်ကြောင့် တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အန်ဇင်စီရင်စုကို အပြည့်အဝထိန်းချုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။ အဆိုပါ ကန့်သတ်ချက်များက ယခုနှစ်အစောပိုင်း ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားခဲ့ချိန်က ချမှတ်ခဲ့သည့် ကန့်သတ်ချက် များအတိုင်းဖြစ်သည်။

မရှိမဖြစ်လိုအပ်သည့် အလုပ်သမားများသာ ၎င်းတို့၏ နေအိမ်မှ ထွက်ခွာခွင့်ရှိပြီး အိမ်ထောင်စုတစ်ခုတွင် လိုအပ် သည်များ ဝယ်ယူရန် အတွက် တစ်နေ့လျင် တစ်ကြိမ်သာ ဈေးဝယ်ခွင့်ရှိမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပတ်အတွင်းက ပေကျင်းမြို့တော်တွင် ကူးစက်မှုများ များပြားလာခဲ့ပြီး အန်ဇင်စီရင်စုတွင် ကူးစက် မှု ၁၈ခု ဖြစ်ပွားခဲ့ကြောင်း တရုတ်မီဒီယာများက ပြောကြားခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Hebei: China locks down 400,000 people after virus spike near Beijing


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။