Trending Now

နစကဥက္ကဋ္ဌမှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း (၇၀၀၀၀) နှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်

Spread the love

နစကဥက္ကဋ္ဌမှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း (၇၀၀၀၀) နှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်

EPN
နေပြည်တော်၊ မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရခိုင်ပြည် နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် ယနေ့မွန်းလွဲပိုင်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရ သည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များ၊ စေတနာရှင် ရဟန်း၊ ရှင်လူ ပြည်သူအလှူရှင်များ၏ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက်မှ ရခိုင်ပြည်နယ် အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ကို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောသည်။

ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေ ယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အများနှင့်သက်ဆိုင်သည့် ပညာသင်ကြားရေးဖြစ်သည့် အခြေခံ ပညာအထက်တန်း ကျောင်းများကိုလည်း ဦးစားပေးပြုပြင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတကာမှ လည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းလာ သဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ ရှိပြီးသားအားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ ရေးပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

မုန်တိုင်းမကျ ရောက်မီကာလ အတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့ များရှိ သဘာဝဘေးဒဏ်ခိုလုံရာ Shelter များသို့ ဒေသခံ ပြည်သူ ၂၃၇၀၀ ဦးကို ပြောင်းရွှေ့ ပေးနိုင်ခဲ့ ကြောင်း၊ အခြားဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးမှုအနေဖြင့် ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ ပေးနိုင်ခဲ့ ကြောင်း၊ အလားတူ IDP စခန်းများတွင်ရောက်ရှိ နေသူများအနက်မှ ၆၂၃၁၉ ဦးအား ဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံး အဆောက် အဦများ၊ သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျ ပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်နှင့် ဆက်သွယ်ရေး တာဝါတိုင်အချို့ ပြိုကျ ပျက်စီးခဲ့ပြီး ၁၄ ရက်နေ့အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။