Trending Now

နောင်းမီကျေးရွာအနီးတွင် တပ်မတော်နှင့်ကေအိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့်ဒေသခံများ အသွားအလာခက်ခဲနေရ

Spread the love

နောင်းမီကျေးရွာအနီးတွင် တပ်မတော်နှင့်ကေအိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့်ဒေသခံများ အသွားအလာခက်ခဲနေရ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ နောင်းမီကျေးရွာအနီးတွင် တပ်မတော်နဲ့ကေအိုင်အေတိုက်ပွဲဖြစ်ပွားမှုကြောင့်ဒေသခံများ အသွားအလာခက်ခဲစိုးရိမ်နေရကြောင်း ‌ဒေသခံများထံမှ သိရသည်။

နောင်းမီကျေးရွာသည် ဖားကန့်မြို့နယ်များထဲမှလယ်ယာမြေဧကအများဆုံးစိုက်ပျိုးလုပ်ကိုင်ကြသည့်ကျေးရွာတစ်ခုဖြစ်ပြီး လယ်စပါးစိုက်ခြင်းကိုအဓိကထားလုပ်ကိုင်လျှက်ရှိသောကျေးရွာတစ်ခုဖြစ်သည်။

ယမန်နေ့ည ၆ နာရီအချိန်ခန့်က နောင်းမီရွာအနီးရှိ ဒွန်ဘန်နားတွင် တပ်မတော်နှင့်ကေအိုင်အေတိုက်ပွဲဖြစ်ခဲ့သည့်အတွက် ရွာထဲရှိပြည်သူများမိမိလယ်ယာများသို့စပါးစိုက်သွားရန် စိုးရိမ်ကြောက်ရွံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မနေ့ညကမိုင်းသံတွေကြားနေရတာ၊နဂိုကတည်းကဒီ‌နယ်မြေတွေက သတိထားပြီးနေရတဲ့နေရာတွေပဲဘယ်ချိန်တိုက်ပွဲထဖြစ်မလဲဆိုတာကိုရွာကလူတွေကအမြဲဝရိယရှိရှိနေနေရတယ်၊အခုတလောပိုင်းဆို ရွာအနီးနားတိုက်ပွဲတွေပဲဖြစ်နေတော့ ကျွန်တော်တို့လယ်တောသွားရမှာတောင် ကြောက်နေရတယ်၊အခုချိန်က စပါးစိုက်နေကြတုန်းတစ်ချို့စက်တွေနဲ့လုပ်တဲ့သူတွေတော့ပြီးနေပြီ၊တစ်ချို့လက်နဲ့ပဲစပါးကြဲတဲ့စိုက်တဲ့သူတွေကလုပ်နေရတုန်း၊အဲ့‌ကြောင့် အခုလိုတိုက်ပွဲထပ်ဖြစ်နေရင်တော့ စပါးစိုက်မဲ့အချိန်တွေလွန်ကုန်တော့မှာ”ဟု ယင်းကဆိုသည်။

ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်တွင်လည်း စံပြကျေးရွာရှိပြည်သူ့စစ်တပ်နှင့် ကေအိုင်အေအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။