Trending Now

တန့်ဆည်မြို့ပေါ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ဆေးလာထိုးသူတချို့ ဒဏ်ရာရ

Spread the love

တန့်ဆည်မြို့ပေါ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ဆေးလာထိုးသူတချို့ ဒဏ်ရာရ

EPN
တန့်ဆည် ၊ ဧပြီ ၉

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင်ရပ်ကွက် ၊ တပင်ရွှေထီးလမ်းဆုံနေရာမှာ ဒီကနေ့မနက်ပိုင်းက ခရီးသွားပြည်သူတွေကို ကျန်းမာရေး အဖွဲ့က ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့ တန့်ဆည်မြိုခံတွေဆီက သိရပါတယ်။

” ဆေးထိုးတဲ့နေရာကို အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲတာပါ ၊ ဆေးထိုးသူတချို့ မိုင်းစထိမှန် ဒဏ်ရာရတာရှိတယ် ၊ အသက်အန္တရာယ် စိုးရိမ်းရတဲ့ ဒဏ်ရာတော့မဟုတ်ဘူး ” လို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့နယ် လုံခြုံရေးအဖွဲ့က ဒဏ်ရာရ လူနာ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်မပြောပေမယ့် အနည်းဆုံး လူ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုဖြစ်ပြီးနောက် တန့်ဆည်မြို့ပေါ်ကို လုံခြုံရေး တင်းကြပ်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။