Trending Now

ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

Spread the love

ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

EPN
ဗန်းမော်၊ မတ် ၂၀

ဗန်းမော်ခရိုင် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီက ခရီးသွားပြည်သူမျာအား (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မတ် ၂၀ ရက် နံနက် ၇ နာရီမှစတင်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်ပုဂ္ဂလိကပိုင်မော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များကြီးကြပ်မှုကော်မတီ(ယ.က.တ) ဥက္ကဋ္ဌ ဦးတင်ဖေ၊ အတွင်းရေးမှူး ဦးမြမောင်နှင့်အဖွဲ့က ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်-ရွှေကူ၊ ဗန်းမော်-မန္တလေးနှင့် ဗန်းမော်-ရန်ကုန် ခရီးသွားလာမည့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။