Trending Now

အပစ်အခတ်ရပ်စဲရေး၊ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများကို အင်္ဂါနေ့နံနက်တွင် စတင်မည်ဟု ရုရှားက ပြော

Spread the love

အပစ်အခတ်ရပ်စဲရေး၊ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများကို အင်္ဂါနေ့နံနက်တွင် စတင်မည်ဟု ရုရှားက ပြော

EPN

နိုင်ငံတကာ၊ မတ် ၈

အင်္ဂါနေ့ နံနက် မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီတွင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီး ကိဗ်၊ ခါကိဗ်၊ ဆမ်မီ နှင့် မာရီယိုပိုးမြို့ တို့မှ နိုင်ငံသားများကို ကယ်ထုတ်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကုလသမ္မဂ သံအမတ်ကြီးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း နိုင်ငံသားများကို ကယ်ထုတ်နိုင်ရန် လူသားချင်းစာနာထောက်ထားမှုစင်္ကြံများ ဖွင့်ပေးမည်ဟုဆိုခဲ့သော်လည်း တစ်ဖက်နှင့် တစ်ဖက် အပြစ်တင်ကာ သုံးရက်ဆက်တိုက် အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ယူကရိန်းနှင့် ရုရှားတို့က ပြောကြားခဲ့သည်။
ယူကရိန်း၏ စစ်မဲ့ရေး နှင့် ဘက်မလိုက်ရေး သည် အပစ်အခတ်ရပ်စဲရေး အတွက် ရုရှား က အခိုင်အမာတောင်းဆိုကာ ယူကရိန်း က ချက်ချင်း အပစ်အခတ် ရပ်စဲရန် တောင်းဆို သည်။

လက်ရှိအချိန်တွင် ရုရှားအနေဖြင့် ယူကရိန်းအပေါ် ထိုးစစ်ဆင်မှုအရှိန်မြှင့်နေပြီး ရုရှားက ဆီးရီးယားနှင့် အခြားနိုင်ငံခြားတိုက်ခိုက်ရေးသမားများကို စုဆောင်းနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတွင် စစ်မှုထမ်းရန် အရန်တပ်များကို စေလွှတ်မည်မဟုတ်ကြောင်းနှင့် သတ်မှတ်ထားသော ရည်မှန်းချက်များ ပြည့်စုံသည့် ကျွမ်းကျင်ပညာရှင်များဖြင့်သာ စစ်ပွဲကို ဦးဆောင်နေကြောင်း ပြောကြားခဲ့သည်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။