Trending Now

မြန်မာ-တရုတ်နယ်စပ်တွင် ဖရဲသီးနှင့် သခွားမွှေးဈေးများ ပြန်လည်မြင့်တက်လာ

Spread the love

မြန်မာ-တရုတ်နယ်စပ်တွင် ဖရဲသီးနှင့် သခွားမွှေးဈေးများ ပြန်လည်မြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၈

တရုတ်နိုင်ငံမှ မြို့ပြများတွင် ပိတ်ဆို့ထားမှုများကို ဖြေလျှော့ပေးခြင်းကြောင့် ဖရဲသီးနှင့် သခွားမွှေး ကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်လာကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံတွင် ချမှတ်ထားသည့် လော့ဒေါင်းများကို ပြန်လည်ဖြေလျော့ပေးခဲ့ပြီး ကိုဗစ်စစ်ဆေးမှုများ ထပ်မံပြုလုပ်တော့မည် မဟုတ်ဟု ဆိုသည်။

ဈေးကွက်တွင် အရောင်းအဝယ်ကောင်းလာသောကြောင့် ဖရဲသီးတစ်လုံးလျှင် ၁ ဒသမ ၈ ယွမ်နှင့် သခွားမွှေးသီးဈေးမှာ ၃ ယွမ်မှ ၄ ယွမ်အထိရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခင်က တရုတ်နိုင်ငံ၏ မြို့ပြများတွင် ကိုဗစ်ရောဂါကြောင့် ဖရဲသီးနှင့် သခွားသီးတင်ပို့မှုကို ကန့်သတ်ခဲ့သော်လည် ယခုအခါ ပြန်လည်ဖြေလျော့ပေးခဲ့ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံမှ ဖရဲသီးနှင့် သခွားသီး ရောင်းဝယ်ရေး တိုးတက်လာမည်ဟု မျှော်လင့်ရသည်ဟုဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဖရဲသီးတန်ချိန် ၈ သိန်းနှင့် သခွားမွှေး တန်ချိန် ဝ.၁၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဖရဲသီးတန်ချိန် ၆သိန်း နှင့် သခွားမွှေး တန်ချိန် ဝ.၁၅ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။