Trending Now


Spread the love

 


EPN
မြစ်​ကြီးနား၊ မတ်​၁၈




SPIC /ACHC ကုမ္မဏီမှ မြစ်​ကြီးနားတာဝန်​ခံ မစ္စတာကျန်းဟွမ့်ကွေ့ က​တော့ ​​”​အောင်​​မြင်​သာ စံပြ​ကျေးရွာက လူကြီး​တွေ​ကော လူငယ်​​တွေ​ကော အချင်းချင်းစည်းလုံးညီညွတ်​ပြီး တစ်​ဦးနှင့်​တစ်​ဦး အပြန်အလှန် နားလည်​မှုရှိခြင်း တစ်​ဦးအ​ပေါ်တစ်​ဦး ရိုင်းပင်​ကူညီတဲ့စိတ်​ဓာတ်​​မွေးဖွား​ပေးတဲ့ အကျိုး​ကျေးဇူး​တွေ ကိုခံစားရရှိ​စေဖို့ ဥာဏ်​ပညာထက်​မြက်​​စေဖို့၊ ကျန်းမာသန်​စွမ်း​ပျော်​ရွှင်​​စေဖို့ အခုလို​ပျော်ပွဲရွှင်​ပွဲ အားကစားပြိုင်​ပွဲကို လုပ်​​ပေးရတာဖြစ်​တယ်​”ဟု ​ပြောကြားခဲ့သည်​။




မိုး​လေး
——————————————

ပထမအကြိမ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ အောင်မြင်သာစံပြကျေးရွာတွင်ကျင်းပ

EPN
မြစ်ကြီးနား၊ မတ်၁၈

SPIC/ACHC ကုမ္မဏီက ကြီးမှူးပြီး ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲကို အောင်မြင်သာ စံပြကျေးရွာတွင် ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အားကစားနှင့် ကာယပညာဦးစီးမှူး ဦးရဲထူးက “အခုလို ပျော်ရွှင်စရာကောင်းတဲ့ အားကစားပြိုင်ပွဲကို
အောင်မြင်သာစံပြကျေးရွာမှာ SPIC/ACHC ကုမ္ပဏီ အနေဖြင့် လာရောက်ကျင်းပပေးတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ အားကစားနည်းဟာဆိုရင် အချင်းချင်းစည်းလုံးညီညွတ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိခြင်း တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်ကူညီတဲ့စိတ်ဓာတ်မွေးဖွားပေးတဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိစေတဲ့အတွက် ရွာသူရွာသားတွေအတွက် ကောင်းမွန်တဲ့ အားကစားပြိုင်ပွဲ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာန အနေနဲ့လည်း ကျေးလက်ရောမြို့ပါမကျန် နွေရာသီအားကစားသင်တန်းတွေ ပို့ချသင်ကြားနေတယ်။ အောင်မြင်သာကျေးရွာမှာလည်း အားကစားနဲ့ပတ်သက်ပြီး လာရောက်ထောက်ပံ့တာ၊ ပြိုင်ပွဲတွေပြုလုပ်သွားဖို့ရှိတယ်”ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မီတာ၁၀၀အပြေးပြိုင်ပွဲ အလေးပစ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပြိုင်ပွဲအပြင် အားကစားနည်း စုစုပေါင်း(၁၄)မျိုး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်၃နှစ်မှ အသက် ၇၀အရွယ်ထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဟု သိရသည်။

SPIC /ACHC ကုမ္မဏီမှ မြစ်ကြီးနားတာဝန်ခံ မစ္စတာကျန်းဟွမ့်ကွေ့ ကတော့ “အောင်မြင်သာ စံပြကျေးရွာက လူကြီးတွေကော လူငယ်တွေကော အချင်းချင်းစည်းလုံးညီညွတ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိခြင်း တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်ကူညီတဲ့စိတ်ဓာတ်မွေးဖွားပေးတဲ့ အကျိုးကျေးဇူးတွေ ကိုခံစားရရှိစေဖို့ ဉာဏ်ပညာထက်မြက်စေဖို့၊ ကျန်းမာသန်စွမ်းပျော်ရွှင်စေဖို့ အခုလိုပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲကို လုပ်ပေးရတာဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆု ဒုတိယဆု၊ တတိယဆုနှင့် အခြားနှစ်သိမ့်ဆုများကိုချီး မြင့်မည် ဟုသိရသည်။

“SPIC/ACHC ကုမ္မဏီအနေနဲ့ ကျေးရွာမှာ အခုလိုမျိုးလာရောက်ပြုလုပ်ပေးတာကို ကျေးဇူးတင်တယ်။ နောက်ထပ် ကျေးရွာမှာ လိုအပ်နေတဲ့နေရာများမှာလည်း ကူညီပေးစေချင်တယ်။ အခုအောင်မြင်သာကျေးရွာဟာ  အရင်ကလိုမဟုတ်တော့ဘဲ SPIC/ACHC ကုမ္မဏီကြောင့် တိုးတက်ပြောင်းလဲလာတာကိုလဲ တွေ့ရပါတယ် ” ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာ က ကျေးဇူးတင်စကား၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ SPIC/ACHC ကုမ္ပဏီသည်  အောင်မြင်သာကျေးရွာအား လျှပ်စစ်မီးအခမဲ့ပေးဝေခြင်း၊ ရိုးရာ ဂျပ်ခုတ် သင်တန်း၊ လက်မှုအတတ်ပညာ သင်တန်းများ ဖွင့်လှစ်ပေးနေသည့်အပြင် ဒေသခံပြည်သူများ မိသားစု အပိုဝင်ငွေရရှိစေမည့် တနိုင်တပိုင်မှသည် စီးပွားဖြစ်သို့လုပ်ကိုင်သွားနိုင်သည့် သင်္ဘောပင် စိုက်ပျိုးရေးလုပ်ငန်း အထောက်အကူပြုပေးနေ သကဲ့သို့သော လူထုအကျိုးပြုလုပ်ငန်းများကို  စဉ်ဆက်မပြတ် ထောက်ပံ့ကူညီလျက်ရှိသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။