Trending Now

ဖားကန္႔တြင္ ဥရုေခ်ာင္းရွင္းလင္းရာမွ က်ပ္သိန္း ၂၀၀ ခန္႔တန္ဖိုးရွိ စိတ္ႂကြေဆးျပားအမႈန္႔မ်ား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိ

Spread the love

ဖားကန္႔တြင္ ဥရုေခ်ာင္းရွင္းလင္းရာမွ က်ပ္သိန္း ၂၀၀ ခန္႔တန္ဖိုးရွိ စိတ္ႂကြေဆးျပားအမႈန္႔မ်ား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိ

EPN
ဖားကန္​႔၊ မတ္​ ၁၆

ကခ်င္​ျပည္​နယ္​၊ ဖားကန္​႔ၿမိဳ႕၊ ဖားျပင္​​ေက်း႐ြာအ​ေရွ႕ဘက္​ဥရု​ေခ်ာင္​း​ေဘးတြင္​ ​ေဒသခံတစ္​ဦးမွဘက္​ဟိုးယာဥ္​ျဖင္​့ ရွင္​းလင္​း​ေရး​ေဆာင္​႐ြက္​​ေန​စဥ္ ​ ​ေျမႀကီးအတြင္​းမွ ဝန္​ဇုပ္​တံဆိပ္​ပါပန္​း​ေရာင္​လက္​ဆြဲအိတ္ထဲ၌ ပန္​း​ေရာင္​​ေဆးျပားအမႈန္​႔(၄၀၀)ဂရမ္​ခန္​႔​ေတြ႕ရွိခဲ့​ေၾကာင္​းဖားကန္​႔ၿမိဳ႕မရဲစခန္​းမွသိရသည္​။


ဖားကန္​႔ၿမိဳ႕မရဲစခန္​းမွ နယ္​ထိန္​းရဲတပ္​ၾကပ္​မင္​းထက္​​ေဇာ္​၊ ရဲဒုတပ္​ၾကပ္​သန္​႔ဇင္​​ေအာင္​၊ ရဲဒုတပ္​ၾကပ္​​ေအာင္​ႏိုင္​ဝင္​း၊ မူးယစ္​တပ္​စု(၃)မွရဲတပ္​ၾကပ္​ႀကီး​ေအာင္​သူဦးစီးအဖြဲ႕တို႔သည္​အရန္​မီးသတ္​တပ္​ဖြဲ႕ဝင္​ဦး​ေဇာ္​မိုးႏိုင္​၊ သက္​​ေသ ဖားကန္​႔ၿမိဳ႕နယ္​၊ ဖားျပင္​​ေက်း႐ြာတာဝန္​ခံ ဦးခြန္​ဆန္​႔၊ ရာအိမ္​မွဴးဦး​ေက်ာ္​ခတို႔ပါဝင္​​ေသာပူး​ေပါင္​းအဖြဲ႕သည္​မတ္​(၁၆)ရက္​၊ နံနက္​(၁၀)ခြဲအခ်ိန္​ခန္​႔တြင္​ ဖားကန္​႔ၿမိဳ႕နယ္​၊ ဖားျပင္​​ေက်း႐ြာအတြင္​းမႈခင္​က်ဆင္​း​ေရးအတြက္​ နယ္​​ေျမလွည္​့ကင္​း​ေဆာင္​႐ြက္​ခဲ့​ေၾကာင္​းသိရသည္​။

ထိုသို႔​ေဆာင္​႐ြက္​​ေနစဥ္​ နံနက္​(၁၀)နာရီ(၄၅)မိနစ္​အခ်ိန္​ခန္​႔၌ ဆိပ္​မူ​ေက်း႐ြာအုပ္​စု၊ ဖားျပင္​​ေက်း႐ြာ၏အ​ေရွ႕ဘက္​ ဥရု​ေခ်ာင္​းတြင္​ရွင္​းလင္​း​ေရး​ေဆာင္​႐ြက္​​ေန​ေသာဦးမင္​း​ေဇာ္​​ေမာင္​းသည္​့ဘက္​ဟိုးယာဥ္​ျဖင္​့​ေခ်ာင္​းကမ္​းနား​ေဘး ​ေျမ​ေဖၚရာ ​ေျမႀကီးအတြင္​းမွ ဝန္​ဇုပ္​တံဆိပ္​ပါပန္​း​ေရာင္​လက္​ဆြဲအိတ္​အထုပ္​(၁)ထုပ္​အား မသကၤာဖြယ္​​ေတြ႕ရွိခဲ့သျဖင္​့ ဖားျပင္​​ေက်း႐ြာတာဝန္​ခံ ဦးခြန္​ဆန္​႔မွ ဖားကန္​႔ၿမိဳ႕နယ္​အ​ေထြ​ေထြအုပ္​ခ်ဳပ္​​ေရးဦးစီးမွဴးရံုးသို႔ သြား​ေရာက္​သတင္​းပို႔ၿပီး ၿမိဳ႕နယ္​အုပ္​ခ်ဳပ္​​ေရးရံုးမွတဆင္​့ ဖားကန္​႔ၿမိဳ႕မရဲစခန္​းသို႔ထပ္​မံအ​ေၾကာင္​းၾကားခဲ့​ေၾကာင္​းသိရသည္​။

အဆိုပါအ​ေၾကာင္​းၾကားခ်က္​အရ တရားလိုဦးစီးအဖြဲ႕မွ သြား​ေရာက္​ၿပီး သက္​​ေသမ်ား​ေရွ႕တြင္​စစ္​​ေဆးရာ စိတ္​ႂကြရူးသြပ္​​ေဆးျပားဟုယူဆရသည္​့ ပန္​း​ေရာင္​​ေဆးျပားအ​ေၾကမႈန္​႔အ​ေလးခ်ိန္​(၄၀၀)ဂရမ္​ခန္​႔၊ ကာလတန္​ဖိုး(၂၀၀၀၀၀၀၀)သိန္​းက်ပ္​အား​ရွာ​ေဖြ​ေတြ႕ရွိခဲ့​ေၾကာင္​း ရဲမွတ္​တမ္​းအရသိရသည္​။

ယင္​းျဖစ္​စဥ္​ႏွင္​့ပတ္​သက္​ၿပီး ဖားကန္​႔ၿမိဳ႕မရဲစခန္​းမွ မယ(ပ)၆၅/၂၀၁၈၊ မူး/စိတ္​ပုဒ္​မ၁၉(က)ျဖင္​့ ရဲအုပ္​ ထြန္​းထြန္​းဝင္​းကတရားလိုျပဳလုပ္​ကာ အမႈ​ေရးဖြင္​့​ၿပီး တရားခံျဖစ္​ႏိုင္​သူအား စံုစမ္​းမႈမ်ားျပဳလုပ္​​ေန​ေၾကာင္​းသိရသည္​။

ခ်စ္​သား
—————————————–

ဖားကန့်တွင် ဥရုချောင်းရှင်းလင်းရာမှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားအမှုန့်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

EPN
ဖားကန့်၊ မတ် ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဖားပြင်ကျေးရွာအရှေ့ဘက်ဥရုချောင်းဘေးတွင်ဒေသခံတစ်ဦးမှဘက်ဟိုးယာဉ်ဖြင့် ရှင်းလင်းရေးဆောင်ရွက်နေစဉ်  မြေကြီးအတွင်းမှ ဝန်ဇုပ်တံဆိပ်ပါပန်းရောင်လက်ဆွဲအိတ်ထဲ၌ ပန်းရောင်ဆေးပြားအမှုန့်(၄၀၀)ဂရမ်ခန့်တွေ့ရှိခဲ့ကြောင်းဖားကန့်မြို့မရဲစခန်းမှသိရသည်။

ဖားကန့်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်မင်းထက်ဇော်၊ ရဲဒုတပ်ကြပ်သန့်ဇင်အောင်၊ ရဲဒုတပ်ကြပ်အောင်နိုင်ဝင်း၊ မူးယစ်တပ်စု(၃)မှရဲတပ်ကြပ်ကြီးအောင်သူဦးစီးအဖွဲ့တို့သည်အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးဇော်မိုးနိုင်၊ သက်သေ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတာဝန်ခံ ဦးခွန်ဆန့်၊ ရာအိမ်မှူးဦးကျော်ခတို့ပါဝင်သောပူးပေါင်းအဖွဲ့သည်မတ်(၁၆)ရက်၊ နံနက်(၁၀)ခွဲအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာအတွင်းမှုခင်ကျဆင်းရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်နေစဉ် နံနက်(၁၀)နာရီ(၄၅)မိနစ်အချိန်ခန့်၌ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာ၏အရှေ့ဘက် ဥရုချောင်းတွင်ရှင်းလင်းရေးဆောင်ရွက်နေသောဦးမင်းဇော်မောင်းသည့်ဘက်ဟိုးယာဉ်ဖြင့်ချောင်းကမ်းနားဘေး မြေဖေါ်ရာ မြေကြီးအတွင်းမှ ဝန်ဇုပ်တံဆိပ်ပါပန်းရောင်လက်ဆွဲအိတ်အထုပ်(၁)ထုပ်အား မသင်္ကာဖွယ်တွေ့ရှိခဲ့သဖြင့် ဖားပြင်ကျေးရွာတာဝန်ခံ ဦးခွန်ဆန့်မှ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးသို့ သွားရောက်သတင်းပို့ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှတဆင့် ဖားကန့်မြို့မရဲစခန်းသို့ထပ်မံအကြောင်းကြားခဲ့ကြောင်းသိရသည်။

အဆိုပါအကြောင်းကြားချက်အရ တရားလိုဦးစီးအဖွဲ့မှ သွားရောက်ပြီး သက်သေများရှေ့တွင်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသည့် ပန်းရောင်ဆေးပြားအကြေမှုန့်အလေးချိန်(၄၀၀)ဂရမ်ခန့်၊ ကာလတန်ဖိုး(၂၀၀၀၀၀၀၀)သိန်းကျပ်အားရှာဖွေတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းမှ မယ(ပ)၆၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် ရဲအုပ် ထွန်းထွန်းဝင်းကတရားလိုပြုလုပ်ကာ အမှုရေးဖွင့်ပြီး တရားခံဖြစ်နိုင်သူအား စုံစမ်းမှုများပြုလုပ်နေကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။