Trending Now

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကျန်းမာရေး ကောင်းမွန် လျက်ရှိဟု ပွန်ပီယို ပြောကြား

Spread the love

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကျန်းမာရေး ကောင်းမွန် လျက်ရှိဟု ပွန်ပီယို ပြောကြား

EPN
နိုင်ငံတကာ၊ မေ ၄

အများပြည်သူမြင်ကွင်းမှ လဝက်ကျော်ကြာ ပျောက်ကွယ်နေသည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုံအန်းမှာ အသက်ရှင် ကျန်းမာလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောသည်။

တနင်္ဂနွေနေ့က ABC သတင်းဌာနသို့ ပွန်ပီယိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့်အပတ်က ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အဆိုပါ သတင်းတွင် ကင်ဂျုံအန်း၏ ဓာတ်ပုံများနှင့် ဗွီဒီယိုများ ပါဝင်သည်။ ကင်ဂျုံအန်း၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မှတ်ချက်ပေးရန် ပြောဆိုမှုအပေါ် ပွန်ပီယိုက ငြင်းဆိုခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံသားများ၏ တောက်ပသည့်အနာဂတ်ကို ဖန်တီးရန်အတွက် မြောက်ကိုရီးယားနိုင် ငံအား နျူကလီးယား လက်နက်များစွန့်လွှတ်ရန်နှင့် နျူလက်နက်ဖျက်သိမ်းရေးကို အတည်ပြုရန် အမေရိ ကန်ပြည်ထောင်စု၌ အစီအစဉ်များ ရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က စစ်မဲ့ဇုန်နယ်စပ်အနီးတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ကြား အပြန်အလှန်ပစ်ခတ်မှု လေးကြိမ် ဖြစ်ပွားခဲ့ခြင်းကို ပွန်ပီယိုက ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်ရသူမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် မ ‌‌တော်တဆပစ်ခတ်မှုဟု တွေးထင်ကြောင်း ပွန်ပီယိုက ဆိုသည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Pompeo: Kim Jong Un appears ‘alive and well’


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။