Trending Now

ဖင်လန်ကို ဒေါ်လာ ၃၂၃ သန်း တန်ကြေးရှိ ဒုံးကျည်တွေရောင်းချဖို့ အမေရိကန်အတည်ပြု

Spread the love

ဖင်လန်ကို ဒေါ်လာ ၃၂၃ သန်း တန်ကြေးရှိ ဒုံးကျည်တွေရောင်းချဖို့ အမေရိကန်အတည်ပြု

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

ဒေါ်လာ ၃၂၃ သန်းတန်ကြေးရှိ AIM 9X Block II နည်းဗျူဟာမြောက် ဒုံးကျည်တွေနဲ့ AGM-154 Joint Stand Off Weapons တွေကို ဖင်လန်နိုင်ငံကို ရောင်းချဖို့ အတည်ပြုလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ရောင်းချမှုဟာ ဖင်လန်နိုင်ငံရဲ့ ဝေဟင်မှ ဝေဟင်ပစ် စနစ်တွေနဲ့ ဝေဟင်မှ မြေပြင်ပစ် လက်နက်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AIM 9X Block II ၄၈ စင်း နဲ့ AGM-154 အစင်း ၄၀ တို့ကို ရောင်းချမယ့် ကြေညာချက်ဟာ ဖင်လန် နဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ် ရယူဖို့တွန်းအားပေးခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ကိုးလကျော်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရောင်းချမှုကို အတည်ပြုခဲ့ပြီး ကာကွယ်ရေး၊လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အမေရိကန် ကွန်ဂရက်ကို လိုအပ်တဲ့ အကြောင်းကြားစာကို ဗုဒ္ဓဟူးနေ့က တင်ပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရောင်းချမှုဟာ မိတ်ဖက်တစ်ဦးရဲ့ လုံခြုံရေးကို မြှင့်တင်ပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပင်တဂွန်က ပြောကြားခဲ့ပါတယ်။

— ကိုးကား —
TDP
Ref;US Approves $323 Million Missile Sale to Finland

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။