Trending Now

ဗန်းမော်တွင် ငါးမန်းဂိမ်းစက်များနှင့်အတူ လောင်းကစားဒိုင် ပြုလုပ်နေသူကို လက်ရဖမ်းဆီးရမိ

Spread the love

ဗန်းမော်တွင် ငါးမန်းဂိမ်းစက်များနှင့်အတူ လောင်းကစားဒိုင် ပြုလုပ်နေသူကို လက်ရဖမ်းဆီးရမိ

EPN
ဗန်းမော်၊ မေ ၂၆

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ငါးမန်းဂိမ်းစက်များနှင့် လောင်းကစားဒိုင်ပြုလုပ်နေသည့် အမျိုးသား တစ်ဦးကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်းက သိရသည်။

ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲအုပ်တင်ဆန်းဌေးနှင့် အဖွဲ့က သတင်းအရ သက်သေများနှင့်အတူ မေလ ၂၅ ရက်နေ့၊ ညနေပိုင်းက ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်၊ ရိုးကြီးရပ်ရှိ နေအိမ်တစ်အိမ်တွင် သွားရောက်ရှာဖွေခဲ့ရာ ငါးမန်းဂိမ်းစက်များနှင့်အတူ လောင်းကစားဒိုင်ပြုလုပ်နေသည့် နိုင်လင်း(ခ) ကျော်ကြီးဆိုသူကို လက်ရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် တရားမ၀င် ငါးမန်းဂိမ်း လောင်းကစားရုံဖွင့်လှစ်နေသည့် နိုင်လင်း(ခ)၊ ကျော်ကြီးဆိုသူနှင့်အတူ အလျား ၆ပေ၊ အနံ ၄ပေ၊ အမြင့် ၂ပေခွဲခန့်ရှိ ငါးမန်းဂိမ်းစက် ၂လုံးနှင့်အတူ ငွေစာရင်းစာအုပ် ၂အုပ်၊ မြန်မာငွေစက္ကူရောရာ (၇၅၀၀၀ိ/-)တို့ကို ပါ၀င်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်လင်း(ခ) ကျော်ကြီး၊ (ဘ) ဦးဆန်းဝင်း၊ အသက်(၃၂)၊ ရိုးကြီးရပ်၊ ဟန်းတဲရပ်ကွက်၊ ဗန်းမော်မြို့ နေထိုင်သူအား ဗန်းမော်မြို့မရဲစခန်းမှ (ပ)၁၀၈/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၇(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။