Trending Now

တွံတေးမြို့နယ်တွင် တက္ကစီယာဉ်မောင်းတစ်ဦး အသတ်ခံရ

Spread the love

တွံတေးမြို့နယ်တွင် တက္ကစီယာဉ်မောင်းတစ်ဦး အသတ်ခံရ

EPN
တွံတေး၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မမျိုးစုရွာနှင့် ကင်းရွာ မလက်တိုခတ္ထယဖြတ်လမ်းဘေး၌ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်တွင် အသတ်ခံထားရသည့် တက္ကစီယာဉ်မောင်းတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ အဌားယာဉ်မောင်းတစ်ဦးဖြစ်ပြီး၊ ၎င်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းက မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသူဖြစ်ပြီး နောက် ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် တွံတေးမြို့နယ် မမျိုးစုရွာနှင့် ကင်းရွာလမ်းဘေး၌ အဝတ်မပါဘဲ လက်နှင့် ခြေထောက်ကို အဝတ် စဖြင့်တုတ်ကာ အသတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူတက္ကစီယာဉ်မောင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၂) ရပ်ကွက် နေထိုင်သူဖြစ်ပြီး၊ သေဆုံး နေချိန်တွင် နာရီအပါအဝင် ပစ္စည်းတစ်ချို့မရှိတော့ဘဲ သေဆုံးသူ မောင်းနှင်ခဲ့သည့် တက္ကစီယာဉ်ကိုမူ မမျိုး စုရွာနှင့် ကင်းရွာလမ်းဘေး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် အလောင်းအား လှိုင်သာယာဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

တက္ကစီယာဉ်မောင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းနေ လျက်ရှိကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။