Trending Now

မြစ်ကြီးနားမြို့တွင် ကုန်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူအမျိုးသားနေရာတွင် သေဆုံ

Spread the love

မြစ်ကြီးနားမြို့တွင် ကုန်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူအမျိုးသားနေရာတွင် သေဆုံ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာလမ်းထိပ်တွင် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ ယာဉ်မတော်တဆမှု ဖြစ်ပွားရာမှ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ နေ့လည်ပိုင်းအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေးမြသာယာ ဈေးကြီးဘက်မှ ရွှေလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တို့မှာ နောင်ခမ်းရှမ်းရွာလမ်းထိပ်အရောက်တွင် ဆိုင်ကယ်ယာဉ်မောင်းမှ နောက်မှကျော်တက်စဉ် ကုန်တင်ယာဉ်နှင့် ချိတ်မိရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ကုန်ကားကော၊ ဆိုင်ကယ်ကောက အတူတူလာကြတာ၊ရှမ်းရွာထဲ ဝင်တဲ့အချိန်မှာ ဆိုင်ကယ်မောင်းသူက အကွေ့မှာ ကားကိုကျော်တာ မလွတ်ဘဲ ကားနဲချိတ်သွားတာ၊ ဆိုင်ကယ်နောက်ပိုင်းကတော့ ကားအောက်ဝင်သွားတယ် ၊ လူကတော့ လဲကျသွားပြီး ဦးခေါင်းထိသွားတယ်နဲ့တူတယ်၊ နေရာမှာပဲ သေသွားတာ၊” ဟု ယာဉ်တိုက်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။