Trending Now
Spread the love

ဂျပန်ပင်လယ်ပြင်မှာရှိတဲ့ ရုရှားရေငုပ်သင်္ဘောက ခရုဇ်ဒုံးကျည် ပစ်လွတ်တဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ မတ် ၄

ဂျပန်ပင်လယ်ပြင်မှာရှိတဲ့ ရုရှားရေငုတ်သင်္ဘောတစ်စီးဟာ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) အကွာမှာရှိတဲ့ မြေပြင်ပစ်မှတ်ကို ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်တဲ့ လေ့ကျင့်မှု မနေ့က ပြုလုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ပိုင် ခါဘာရာဒေသ ရုရှားလေ့ကျင့်ရေးကွင်းမှာ ရှိတဲ့ ပစ်မှတ်ကို Kalibr
ဒုံးကျည်ထိမှန်ခဲ့ကြောင်း ပြသထားတဲ့ ဗီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ။်

ဒီပစ်ခတ်မှုကို ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှုဖြစ်ပွားနေတဲ့ နေရာက ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားရေတပ် သင်္ဘောတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေက ပံ့ပိုးပေးခဲ့တယ်လို့ အဆိုပါဌာနက ပြောပါတယ်။

ရုရှား စစ်သင်္ဘောတွေနဲ့ ရေငုတ်သင်္ဘောတွေဟာ ယူကရိန်းမှာရှိတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးတွေနဲ့ ပစ်မှတ်အများအပြားကို တိုက်ခိုက်ဖို့အတွက် Kalibr ဒုံးကျည်တွေကို အသုံးပြုခဲ့ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။