Trending Now

ပြည်ပမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်တန်ဖိုးရှိ ရေနံနှင့် ရေနံထွက် ပစ္စည်းတင်သွင်းမှု လျော့ချပြီး ပြည်တွင်း ရေနံထွက် ဒေသများတွင် တူးဖော်ထုတ်လုပ်မှု စနစ်တကျ လုပ်ဆောင်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

Spread the love

ပြည်ပမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်တန်ဖိုးရှိ ရေနံနှင့် ရေနံထွက် ပစ္စည်းတင်သွင်းမှု လျော့ချပြီး ပြည်တွင်း ရေနံထွက် ဒေသများတွင် တူးဖော်ထုတ်လုပ်မှု စနစ်တကျ လုပ်ဆောင်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

EPN
နေပြည်တော်၊ သြဂုတ် ၉

ပြည်ပမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် တန်ဖိုးရှိ ရေနံနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းနေရမှုကိုလျှော့ချရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ပြည်တွင်း၌ အထိုက်အလျောက် ရေနံထွက်ရှိနေသည့်အတွက် အချို့ဒေသများရှိ တွင်းတိမ် ရေနံတူးဖော် ထုတ်လုပ်မှုများကို စနစ်တကျလုပ်ဆောင်ပြီး ပြည်ပတင်သွင်းမှုကို လျော့ချရန် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်က ပြုလုပ်သည့် ပြည် ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက် ချက် များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးတွင် နစကဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် ပြည်ပမှ ရေနံနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းနေရ သဖြင့် ပြည်ပမှ တင်သွင်းမှုကို လျှော့ ချ သရန် လိုကြောင်း၊ ပြည်တွင်းတွင် အထိုက်အ လျောက်ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ်ရေနံတူးဖော်ထုတ်လုပ်မှုများ စနစ် တကျဖြစ်ရန်လိုကြောင်း၊ ရေနံထုတ်လုပ်မှု လုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုး ရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ကြ ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။

ထို့ပြင် ဒေသအလိုက် လျှပ်စစ်ထုတ်လုပ် နိုင်သည့် လုပ်ငန်းများ၊ စီမံကိန်းများဆောင် ရွက်ရန်လိုကြောင်း၊ လာမည့်နှစ်တွင် ဒေသ အလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေး ရေ အား၊ ဆိုလာစနစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြံဆဆောင်ရွက်ရန် လို အပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝအထိုက် အ လျောက် တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်း ပြည်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို လည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အံ့ဘုန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။