Trending Now

ကလေးမြို့နယ် တောင်ပိုင်းက အကြမ်းဖက်အဖွဲ့ အခြေပြု စခန်း တစ်ခုကို နယ်မြေရှင်းလင်းရေးအဖွဲ့က သိမ်းဆည်း

Spread the love

ကလေးမြို့နယ် တောင်ပိုင်းက အကြမ်းဖက်အဖွဲ့ အခြေပြု စခန်း တစ်ခုကို နယ်မြေရှင်းလင်းရေးအဖွဲ့က သိမ်းဆည်း
EPN
ကလေး၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး- ဂန့်ဂေါ ကားလမ်းအနီး သံဖိုရွာနားက အကြမ်းဖက်သမားတွေ ခိုအောင်း အခြေပြုနေတဲ့ စခန်းတစ်ခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်းရမိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“နေ့ခင်း ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်သံတွေကြားရတယ်၊ အဲ့ဒီနောက် မီးခိုးလုံးတွေ တက်လာတာလည်း မြင်ရတယ်၊ အကြမ်းဖက်စခန်း ဝင်သိမ်းတာ” လို့ သံဖိုရွာခံ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး တာဝန်ရှိသူတစ်ယောက်က “အကြမ်းဖက်သမားတွေ အခြေပြု ခိုအောင်းနေတဲ့ စခန်းတစ်ခု ၊ ကျား ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ မှန်ပြောင်း ၁ လက်၊ ၁၂ ဗို့ကျည် ၃၄ တောင့်၊ လူနေတဲ ၂၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ ယမ်းကြိုး/ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်းများနှင့် အတူ သိမ်းဆည်းရမိတယ် ” လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးမြို့နယ် တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအကြား ကလေး ဂန့်ဂေါ ကာလမ်းမှာ နေ့စဥ် နယ်မြေရှင်းလင်းရေး အဖွဲ့တွေက စစ်ကြောင်းထိုးပေးနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာပြီးလို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။