Trending Now

ပူတာအို၌ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အကြို စုပေါင်းသန့်ရှင်းရေးပြုလုပ်

Spread the love

ပူတာအို၌ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အကြို စုပေါင်းသန့်ရှင်းရေးပြုလုပ်

EPN
ပူတာအို၊ မေ ၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့၀◌င်များစုပေါင်း၍ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အကြို ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မေ(၄)ရက် နံနက် (၇)နာရီခွဲက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၀င်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ ပူတာအိုခရိုင်ဆေးရုံကြီးမှာ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့စုပေါင်းသန့်ရှင်းရေးပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မီးသတ်ဦးစီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မီး ဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဆိုတဲ့ရည်မှန်းချက်တာ၀◌န်လေးရပ်နှင့်အညီ ကျွန်တော်တို့ ပူတာအိုခရိုင်အနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ် တဲ့ သန့်ရှင်းရေးပြုလုပ်ခြင်းကို ခရိုင်ဆေးရုံမှာရွှေးချယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။တစ်နိုင်ငံလုံးမှာ မီးသတ်တပ်ဖွဲ့ နေ့ကိုကြိုဆိုတဲ့အနေနဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာတွေ ဘိုးဘွားရိပ်သာ၊စာသင်ကျောင်း၊ဆေးရုံတွေမှာ သွေးလှူဒါန်းတာတွေ သန့်ရှင်းရေးပြုလုပ်တာတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်” ဟု ဒု-မီးသတ်ဦးစီးမှူး ဦးတိတုက ပြောသည်။

အဆိုပါ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒု-မီးသတ်ဦးစီး မှူး ဦးတိတု ဦးဆောင်သော မီးသတ်တပ်ဖွဲ့၀◌င်(၃၂)ဦး တို့က ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၀◌င်းအတွင်း ချုံနွယ် မြက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများဖော်ပေးခြင်း ဆေးရုံ၀◌င်း အတွင်းရှိ အမှိုက်သရိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည့်အပြင် မေလ(၅)ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။