Trending Now

ယုဇန ရပ်ကွက်ရှိ ညနေဈေးအား ပြောင်းရွှေ့ပေးရန် မြို့နယ်စည်သာယာရေးမှ ဈေးသူ ဈေးသားများနှင့် ထပ်မံညှိုနှိုင်း

Spread the love

ယုဇန ရပ်ကွက်ရှိ ညနေဈေးအား ပြောင်းရွှေ့ပေးရန် မြို့နယ်စည်သာယာရေးမှ ဈေးသူ ဈေးသားများနှင့် ထပ်မံညှိုနှိုင်း

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ရှိ ညနေဈေးအား ရပ်ကွက်နေ ပြည်သူများက ဆက်လက်ဈေးမရောင်းချရန် တိုင်ကြားထားသည့် အတွက် နေရာပြောင်းရွေ့ဖွင့်လှစ်နိုင်ရေးအတွက် ဈေးသူဈေးသားများနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ထပ်မံ ညှို့နှိုင်း ထားကြောင်း သိရသည်။

“ဈေးသူ ဈေးသားတွေ အမြန်ဆုံးပြောင်းရွေ့ပေးကြဖို့ အခုဆို ဈေးကော်မတီအ ဖွဲ့‌တွေ ဖွဲ့နေကြပါပြီ မရွေ့ခင် အချိန်လေးမှာ စည်းကမ်းတက်ကျ ရောင်းချဖို့ အဝင်လမ်းအထွက်လမ်းတွေ ပိတ်မရောင်းကြဖို့ မှာကြားထားတယ် ဈေးကော်မတီတွေ ဖွဲ့လို့ ပြီးရင် ဘယ်နေ့ ဘယ်ရက်ပြောင်းရွေ့ပေးမယ်ဆိုတာ ညှိုနှိုင်းနေကြတယ် “ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိရောင်းချနေသည့် နေရာမှ ယုဇနရပ်ကွက် သမိဒ္ဓေါဒယ သီလရှင်ကျောင်းလမ်း‌ဘေးသို့ ပြောင်းရွေ့ရန် စည်ပင်သာယာမှ စီစဉ်ပေးထားသော်လည်း နေရာ ထိုင်ခင်း အဝင်အထွက် ပိုမို ခက်ခဲသွားနိုင်သည့်အတွက် ဈေးသည်များ အနေဖြင့် ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေကြောင်း ဈေးသည်တစ်ဦး ကပြောပြသည်။

“ပြောင်းတာကတော့ ပြောင်းပေးရမှာပေါ့ ဒါပေမယ့် အခုပြောင်းရမယ့် နေရရာမှာလည်း ဈေးသည်တွေ အတွက် အခက်အခဲအများကြီးရှိတယ် လမ်းကကျဉ်းတယ် ဈေးသည်က များတယ် နေရာက မလောက်ငှဘူး အဲ့နေရာမှာလည်း ဈေးမရောင်းဖို့ ကန့်ကွက်သူတွေကလည်း စာတွေ ကပ်ထားတယ် အတိတကျ နေရာ လိုချင်တာအမှန်ဘဲ “ဟု ယုဇန ဈေးသည်တစ်ဦးကပြောပြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေရာ အတည်တကျ ရရှိရန်နှင့် ဈေးသူဈေးသားများ အဆင်ပြေစေရန် နေရာ လုံလောက် မှုရှိစေရန် ပြောင်းရွေ့မည့် နေတွင် မြေပြင်ကွင်းဆင်းကာ ဈေးနေရာ ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယုဇန ရပ်ကွက်တွင် ညနေဈေး ရောင်းချနေသည့် ဈေးသူ ဈေးသားများအား စက်ဘာ (၅)ရက်နေ့ကတည်းက ပြောင်းရွှေ့ရန် စည်ပင်မှ စာထုတ်အကြောင်းကြားထားခြင်းဖြစ်ပြီး ဈေးသူဈေးသားအချို့ မပြောင်းရွှေ့ဘဲ ဆက်လက်ဖွင့်လှစ်နေသည့်အတွက် လက်ရှိအချိန်တွင် ဈေးကော်မတီဖွဲ့ပြီး ဈေးသူ ဈေးသားများ ပြောင်းရွေ့ကြရန် ညှိုနိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယုဇန ရပ်ကွက် ညနေဈေးတွင် ရောင်းချနေသည့် ဈေးသူဈေးသားများအနေဖြင့် ယခင် အချိန်ကတည်းက ရပ်ကွက် လမ်းကြားတွင် ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်ခန့်မှစတင်ကာရောင်းချနေသည်ဖြစ်ပြီး လက်ရှိအချိန်တွင် အပြင်မိန်းလမ်းမကြီးသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသည်မှ (၂)နှစ်ခန့် ရှိပြီး ဈေးသူဈေးသား (၄၀၀)ခန့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။