Trending Now

လုံခြုံရေးအဖွဲ့ဝင်များအတွက် အလှူရှင်များက ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၀၀၀၀ ကျော်လှူဒါန်း

Spread the love

လုံခြုံရေးအဖွဲ့ဝင်များအတွက် အလှူရှင်များက ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၀၀၀၀ ကျော်လှူဒါန်း

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ (၂၀၂၄)

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်များအတွက် အလှူရှင်များက ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်အား ယမန်နေ့၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)၊ နံနက်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များအတွက် အလှူရှင် (၂၀၅)ဦးက အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကားပြောကြားကာ ရန်ကုန်မြို့တော်စည်ပင်၊ ရန်ကုန်တိုင်း သယံဇာတရေးရာ ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ တိုင်း အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်၊ မြို့နယ် ထွေအုပ်ရုံးများ၊ လူမှု‌ရေး အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲတွင် အလှူရှင်များက အလှူငွေအဖြစ် ငွေကျပ်သိန်း ၁၀၀၀၀ ကျော် လှူဒါန်းခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်ကလည်း အလှူရှင် (၉၉)ဦးက ပထမအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၂၀၀၀ ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။