Trending Now

ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နေရာပြောင်းရွေ့ရခြင်းမှာ လုံခြုံရေးအခြေအနေနှင့် တရားရုံးထုတ်ရာတွင် ပိုမိုအဆင်ပြေရန်အတွက်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

Spread the love

ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နေရာပြောင်းရွေ့ရခြင်းမှာ လုံခြုံရေးအခြေအနေနှင့် တရားရုံးထုတ်ရာတွင် ပိုမိုအဆင်ပြေရန်အတွက်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂

ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နေရာပြောင်းရွေ့ရခြင်းမှာ လုံခြုံရေးအခြေအနေနှင့် တရားရုံးထုတ်ရာတွင် ပိုမိုအဆင်ပြေရန်အတွက် ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေရာပြောင်းရွေ့ထားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ကျန်းမာရေးနှင့်ပက်သက်ပြီး အထူးတလည်စောင့်ရှောက်မှုများ ကျွန်တော်တို့ပြုလုပ်ထားပါတယ် အဓိကတော့ကျွန်တော်တို့အနေနှင့် လုံခြုံရေးနှင့်ပက်သက်တဲ့ကိစ္စတွေ ပြီးရင်တော့ တရားရုံးထုတ်တဲ့အခါမှာ ပိုမိုပြီး အဆင်ပြေစေရေးအတွက ်ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းမှပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိကာလအထိ အမှုပေါင်း ၁၈ မှုဖြင့် တရားစွဲဆိုခံထားရသလို စစ်ဆေးပြီးစီးသည့် အမှု ၈ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။