Trending Now
Spread the love
ကချင်ပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအများဆုံး မြို့နယ်များမှာ ဝိုင်မော်နှင့် မိုးမောက်​​မြို့နယ် များဖြစ်သည် ဟုသိရ
EPN
မြစ်ကြီးနား၊ မေ ၇
ကချင်ပြည်နယ်အတွင်း ​​ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအများဆုံး မြို့နယ်များမှာ ဝိုင်မော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့ဖြစ်​​ကြောင်း ကချင်ပြည်နယ်ငှက်ဖျားရောဂါတိုက်ဖျက်​​ရေးဦးစီးဌာနမှ သိရသည်
ကချင်​​​ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်​​ရေး လုပ်ငန်းများကို ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် GLOBAL FUND၊ INGO၊ NGO စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းနှိမ့်နင်းခဲ့ပြီး ဤသို့နှိမ့်နင်​​ဆောင်ရွက်ခဲ့သောမှတ်တမ်းများအရ ဝိုင်မော်မြို့နယ်နှင့် မိုးမောက်ြ​​မို့နယ်တို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုအများဆုံးဖြစ်​​ကြောင်းသိရသည်
လွမ်အောင်
——————————————- 
ကချင်ပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအများဆုံး မြို့နယ်များမှာ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ် များဖြစ်သည် ဟုသိရ
EPN
မြစ်ကြီးနား၊ မေ ၇
ကချင်ပြည်နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအများဆုံး မြို့နယ်များမှာ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့ဖြစ်ကြောင်း ကချင်ပြည်နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ သိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် GLOBAL FUND၊ INGO၊ NGO စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းနှိမ့်နင်းခဲ့ပြီး ဤသို့နှိမ့်နင်းဆောင်ရွက်ခဲ့သောမှတ်တမ်းများအရ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းသိရသည်။
 “လောလောဆယ် ကျွန်တော်တို့ဆီ တက်လာတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုအများဆုံးကတော့ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ပေါ့။ ဖြစ်ပွားမှုနှုန်းက တစ်ထောင်ကျော်နေတုန်းဘဲ၊ ကျွန်တော်တို့ဆီက စာရင်းတွေပဲ တော့ မဟုတ်ဘူးပေါ့နော်။ ငှက်ဖျားရောဂါကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံက အချက်အလက်တွေအရ ဝိုင်းမော်နှင့်မိုးမောက်က မြို့နယ်အလိုက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်တယ်”ဟု ဒေါက်တာဇော်ရန်က ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကချင်ပြည်နယ်၏ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်ပိုမို ကျဆင်းလျက်ရှိနေပြီး ၂၀၁၂ခုနှစ်တွင် ၅၇၀၀၀ဦးကျော်၊၂၀၁၃ခုနှစ်တွင် ၄၂၀၀၀ဦးကျော်၊၂၀၁၄ခုနှစ်တွင် ၂၄၀၀၀ဦးကျော်၊၂၀၁၅ခုနှစ်တွင် ၁၉၀၀၀ဦးကျော်၊ ၂၀၁၆ခုနှစ်တွင် ၁၁၀၀၀ဦးကျော်၊ ၂၀၁၇ခုနှစ်တွင် ၇၀၀၀ဦးကျော်အထိ လျော့နည်းလာပြီး ၂၀၁၈ခုနှစ်တွင် ၄၀၀၀ဦးကျော်အထိ လျော့နည်းကျဆင်းသွားကြောင်း သိရသည်။
လွမ်းအောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။