Trending Now

မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့တွင်ရှိသော စိုက်ပျိူးရေးလုပ်ငန်းများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကြည့်ရှုစစ်ဆေး

Spread the love

မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့တွင်ရှိသော စိုက်ပျိူးရေးလုပ်ငန်းများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကြည့်ရှုစစ်ဆေး

EPN

မြစ်ကြီးနား ၊ မေ ၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့တွင်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်းဦး စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧပြီ ၃၀ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့သည်။

ဝိုင်းမော်မြို့နယ် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သီးနှံပင်အာဟာရ ပြည့်ဝရေးအတွက် သစ်စိမ်းမြေဩဇာ၏ အကျိုးကျေးဇူးများကို ဒေသခံတောင်သူများကို ရှင်းလင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီး၊ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မြစ်ကြီးနားမြို့နယ်တပ်ကုန်းရပ်ကွက်ရှိစံပြလယ်ဧက(၁၀၀)ရေကြီးစ်မြုပ်မှုသက်သာစေရန်ရေနုတ်မြောင်းတူးဖော်ခြင်း၊မြောင်းပုံစံကျပြု ပြင်ခြင်းနှင့်မြောင်းကူးတံတားနှစ်စင်းတည်ဆောက်မှုလုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးကြပြီးပြည်ထောင်စုဝန်ကြီးကယခုဆောင်ရွက်လျက်ရှိသည့်ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကိုမိုးရာသီ ရေကြီးရေလျှံမှု သက်သာစေမည့်ရေနုတ်မြောင်းအဖြစ်သာမကဆောင်းရာသီနှင့်နွေရာသီအတွက်ဧရာဝတီမြစ်ရေကိုသွင်းယူနိုင်သည့် ရေသွင်းမြောင်းအဖြစ်ပါ အသုံးချနိုင်ရေး တစ်ပါတည်း ဆောင်ရွက်ရန်နှင့် သီးထပ်စိုက်ပျိုးနိုင်ရေး သီးနှံစိုက်စွမ်းအားတိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာ အနီးရှိ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံတွင် ဆောင်ရွက်လျက်ရှိသည့် ရော်ဘာသုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသနေ ရော်ဘာတောင်သူများနှင့် တွေ့ဆုံကာ ကချင်ပြည်နယ်အတွင်း ရော်ဘာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနား ပိုးစာခြံ၏ ပိုးမွေးမြူရေးလုပ်ငန်းနှင့် တောင်သူနည်းပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရိုးရာအဝတ်အထည်များတွင် အမြတ်တနိုး တန်ဖိုးထားသုံးစွဲသည့် ပိုးချည် ထုတ်လုပ်နိုင်ရေးအတွက် ပိုးမွေးတောင်သူများ တိုးပွားလာရေး၊ တစ်နှစ်ပတ်လုံး ပိုးစာပင် ဖြစ်ထွန်းသည့် ရာသီဥတုအခြေအနေရှိ၍ စီးပွားဖြစ်ထုတ်လုပ်သည့် ဒေသထွက်ကုန်တစ်ခုအဖြစ် တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြကြောင်းသိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။