Trending Now

ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဂိတ်များကို ပိတ်ရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ တောင်းဆို

Spread the love


ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဂိတ်များကို ပိတ်ရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ တောင်းဆို

EPN
မြစ်ကြီးနား၊ မတ် ၂၀

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်မှတဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် နယ်စပ်ဂိတ်များတွင် လူအဝင်အထွက်နှင့် ကားအဝင်အထွက်များကို လတ်တလော အခြေအနေတွင် ပိတ်ထားပေးရန် ကချင်ပြည်နယ် ပြည်သူ့ပါတီက ပြည်နယ်ဝန်ကြီးချုပ်ထံ အိတ်ဖွင့်စာဖြင့် မတ်လ ၁၉ ရက်နေ့က တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် အနီးဆုံးပြည်နယ်ဖြစ်သည့်အတွက် အဓိက တရုတ်နယ်စပ်ဂိတ် များကို ပိတ်ထားပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ၂ ဦးအောင်ခမ်းက ပြောသည်။

“ကချင်ပြည်နယ်ဟာ တရုတ်နယ်စပ်နဲ့ နီးတယ်။ တရုတ်ပြည်မှာ ဝူဟန်ရောဂါ အကြီးအကျယ်ဖြစ်နေတယ်။ အဓိကကတော့ ဂိတ်တွေက တရုတ်ပြည်နဲ့ ကုန်သွယ်ရေးဆက်စပ်နေတယ်။ အခုထိ ကျနော်တို့ စောင့်ကြည့်နေရတယ်”ဟု ဦးအောင်ခမ်းက ပြောသည်။

ဆက်လက်ပြီး “ဒါပေမဲ့ ဒီဂိတ်တွေကို မပိတ်ဘဲနဲ့ တရုတ်ပြည်က ကုန်ကားတွေ ဝင်လိုက်ထွက်လိုက်နဲ့ ဖြစ်နေတာတွေရှိတယ် ဒါတွေကို ကျနော်က စိုးရိမ်တယ်၊ ဒီဝူဟန် ဗိုင်းရပ်စ်ရောဂါဟာ ကျနော်တို့ဆီ ကူးစက်လာမှာကို စိုးရိမ်တယ် ကျနော်တို့နိုင်ငံက ဆေးဝါး မလုံလောက်တဲ့ ဟာတွေရှိတယ် နောက်ဖြစ်လာမယ် နောက်တချက်က ကိရိယာတွေလည်း လုံလုံလောက်လောက်မရှိဘူး ဒါကြောင့် တကယ်လို့များ ဖြစ်လာခဲ့ရင် ကျနော်တို့ဆီမှာ အကြီးကျယ်ဖြစ်လာဖို့ မြင်တွေ့နေရတယ်ဟု” ၎င်းက ထပ်မံပြောသည်။

ယခု ပေးပို့သည့် အိတ်ဖွင့်စာအပေါ် ကချင်ပြည်နယ်အစိုးရအနေဖြင့် ပြန်လည်ပြီး တစ်စုံတရာ အကြောင်း ကြားဆောင်ရွက်မှုများ မရှိသေးကြောင်း၊ ယင်းအိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ တစ်ပတ်ခန့်စောင့်ကြည့် ၍ အကြောင်းမထူးပါက နိုင်ငံောတာ်အဆင့်ထိ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။

ကမ္ဘာအနှံ့ကူးစက်ပြန်ပွားနေသော ကိုရိုနာ Covid-19 ကူးစက်မြန်ရောဂါကြောင့် လက်ရှိအခြေအနေတွင် လူပေါင် နှစ်သိန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ရှစ်ထောင်ကျော် သေးဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ကြေငြာခဲ့ကြောင်းသိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။