Trending Now

ဆိုင်ကယ်ပေါ်တင်လာသည့် ငွေကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဆိုင်ကယ်ပေါ်တင်လာသည့် ငွေကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မှော်ဘီ၊ အောက်တိုဘာ ၄ (၂၀၂၃)

မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်၊ အမှတ် (၄) လမ်းတွင် အမျိုးသားနှစ်ဦး၏ မော်တော် ဆိုင်ကယ်ပေါ်မှ ငွေကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ (၄) ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် ပိုင်စိုးဝေ (ခ) ကိုပိုင်မောင်းနှင်ပြီး စိုးသူ (ခ) ဝင်းကိုကို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေစဉ် ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပိုင်စိုးဝေ (ခ)ကိုပိုင် (၂၇) နှစ် နှင့် စိုးသူ(ခ)ဝင်းကိုကို (၃၇) နှစ်တို့အား မှော်ဘီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။