Trending Now

ဖားကန့်သွားလမ်းပိုင်းဖြစ်သည့် ကျောက်ထု (ဒိုင်ကရီကွေ့) တွင် ဆက်ကြေးကောက် လူသစ်စုဆောင်မှုအား KIA လက်နက်ကိုင်အဖွဲ့က ပြုလုပ်နေ

Spread the love

ဖားကန့်သွားလမ်းပိုင်းဖြစ်သည့် ကျောက်ထု (ဒိုင်ကရီကွေ့) တွင် ဆက်ကြေးကောက် လူသစ်စုဆောင်မှုအား KIA လက်နက်ကိုင်အဖွဲ့က ပြုလုပ်နေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃၁

မြစ်ကြီးနား၊ ဖားကန့်သွားလမ်းဖြစ်သည့် ကျောက်ထု (ဒိုင်ကရီကွေ့) တွင် KIA လက်နက်ကိုင်အဖွဲ့မှ ဇူလိုင်လ တတိယပတ်ကစ၍ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်၊ လူသစ်စုဆောင်မှုများကို အဓမ္မ ပြုလုပ်နေကြောင်း ကားဆရာများထံမှ သိရသည်။

ဖားကန့်လမ်းပိုင်း တစ်ခုဖြစ်သည့် ကျောက်ထုကွေ့တွင် ပြီးခဲ့သည့်လများအတွင်းက ကင်းစခန်းထိုးခြင်းမရှိဘဲ ရက်ခြားသာ လမ်းပေါ်ထွက်၍ ဆက်ကြေးကောက်ခြင်းမျိုးသာ ပြုလုပ်ကြောင်း အမည်မဖော်လိုသူ မြစ်ကြီးနား၊ ဖားကန့်ပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

” ဇူလိုင်လ ၂၂ ရက်နေ့လောက်က စတင်ပြီး ဒိုင်ကရီကွေ့ဘက္မှာ KIA က ကင်းတဲဆောက်ပြီး ဆက်ကြေးကောက်တယ်။ ကချင်လူငယ်ပိုင်းတွေကို လူသစ်ဆွဲတာတွေ ပြုလုပ်တာ‌ေတွရှိတယ်။ ကားဆရာတွေကိုတော့ အစစ်ဆေးလုပ်တယ်။ မှတ်ပုံတင် နံပါတ်ပေးရတယ်။ ဆက်ကြေးပေးရတယ် ” ဟု ၎င်းကရှင်းပြသည်။

ဖားကန့်သွားလမ်းတွင် တပ်မတော်စုပေါင်းဂိတ်များမှ ကားလိုင်စင် စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ စက်သုံးဆီကားများ အကန့်သတ်ဖြင့်သာ သွားလာခွင့်ပေးထားသည့်အတွက် ဖားကန့်တွင် လုပ်ငန်းရှင်တချို့ နည်းပါးလာသည့်အတွက် KIA လက်နက်ကိုင်အဖွဲ့မှ ကားလမ်းမပေါ်တက်၍ ပေါ်ပေါ်ထင်ထင် ကောက်ခံလာခြင်းဖြစ်ကြောင်း ကာမိုင်းဒေသခံတစ်ဦးက ဆိုသည်။

” ဖားကန့်မှာ ပြဿနာ အရှုပ်တော်ပုံတွေက များတယ်လေ။ စစ်တပ်ကလည်း KIA လက်နက်ကိုင်အဖွဲ့ကို တင်းတင်းကြပ်ကြပ် စစ်ရေးလုပ်ဆောင်တာတွေ ရှိလာတော့ သူတို့ ဖားကန့်မြို့ပေါ် အခြေချဖို့ ခက်လာတယ်။ အဲ့တော့ ဝင်ငွေ အပြတ်မခံချင်တော့ တပ်မတော် စစ်ကြောင်းနဲ့ ဝေးတဲ့ ကားလမ်းပေါ် တက်ပြီး ပေါ်ပေါ်ထင်ထင် ကောက်တာပဲ ဟုတ်တယ် ” ဟု ယင်းကသုံးသပ်ပြောသည်။

အဆိုပါ ဖားကန့် လမ်းကြောတွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရ ဝန်ထမ်းများနှင့် ခရီးသွား လူငယ် လူရွယ်များ သွားလာခြင်း နည်းပါနေကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။