Trending Now

မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္ လက္လုပ္မိုင္းတစ္လံုး ေတြ႔ရိွ

Spread the love

မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္ ​ေတြ႕ရွိ​ေသာ လက္လုပ္မိုင္းတစ္လံုးအားဖ်က္​ဆီး

EPN
မိုးေကာင္း၊  မတ္ -၂၄

ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕နယ္ မန္ရြက္ေက်းရြာအုပ္စု (၈)မိုင္ေက်းရြာအေနာက္ဘက္ မိုးေကာင္း-ဖားကန္႔ ကားလမ္းေဘးတြင္မတ္ (၂၄) ရက္ မြန္းလႊဲတစ္နာရီခြဲအခ်ိန္​က​ေတြ႕ရွိ​ေသာလက္လုပ္မိုင္းတစ္လံုးကိုဖ်က္​ဆီးခဲ့​ၿပီျဖစ္​​ေၾကာင္​းသိရသည္​။

အဆိုပါမိုင္​းကို တပ္မ(၃၃)လက္ေအာက္ခံ ခ လ ရ(၇၆)မွဗိုလ္ႀကီးေအာင္ေဇာ္ထက္ဦးစီးအဖြဲ႕မွညေန (၅)နာရီခန္႔၌သြား​ေရာက္​ကာမိုင္းအားသက္မဲ့ျပဳလုပ္၍ဖ်က္ဆီး​ေျမျမဳပ္ခဲ့​ေၾကာင္းသိရသည္။

ယင္​းမိုင္​းကို ႐ွစ္မိုင္ေက်းရြာေန ဦးညီညီမွဆိတ္ေက်ာင္းသြားရာကားလမ္း၏ဝဲဘက္ေဘး၌မိုင္းတစ္လံုး ေတြ႔ရွိျဖင့္သက္ဆိုင္ရာသို႔အေၾကာင္းၾကားခဲ့​ေၾကာင္​းမိုင္း၏အ႐ြယ္​အစားမွာ အလ်ား(၈)လက္မ၊ အခ်င္း(၄)လက္မရွိကားပစ္စတင္ျဖင့္ျပဳလုပ္ကာအေဝးထိန္းရီမုျဖင့္ေဖါက္ခြဲရ​ေသာမိုင္းေဟာင္းတစ္လံုးျဖစ္ေၾကာင္းသိရသည္။

ခ်ိဳေမာင္
———————————————

မိုးကောင်း-ဖားကန့် ကားလမ်းဘေးတွင် တွေ့ရှိသော လက်လုပ်မိုင်းတစ်လုံးအားဖျက်ဆီး

EPN
မိုးကောင်း၊  မတ် -၂၄

ကချင်ပြည်နယ်မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု (၈)မိုင်ကျေးရွာအနောက်ဘက် မိုးကောင်း-ဖားကန့် ကားလမ်းဘေးတွင်မတ် (၂၄) ရက် မွန်းလွှဲတစ်နာရီခွဲအချိန်ကတွေ့ရှိသောလက်လုပ်မိုင်းတစ်လုံးကိုဖျက်ဆီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါမိုင်းကို တပ်မ(၃၃)လက်အောက်ခံ ခ လ ရ(၇၆)မှဗိုလ်ကြီးအောင်ဇော်ထက်ဦးစီးအဖွဲ့မှညနေ (၅)နာရီခန့်၌သွားရောက်ကာမိုင်းအားသက်မဲ့ပြုလုပ်၍ဖျက်ဆီးမြေမြုပ်ခဲ့ကြောင်းသိရသည်။

ယင်းမိုင်းကို ရှစ်မိုင်ကျေးရွာနေ ဦးညီညီမှဆိတ်ကျောင်းသွားရာကားလမ်း၏ဝဲဘက်ဘေး၌မိုင်းတစ်လုံး တွေ့ရှိဖြင့်သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြောင်းမိုင်း၏အရွယ်အစားမှာ အလျား(၈)လက်မ၊ အချင်း(၄)လက်မရှိကားပစ်စတင်ဖြင့်ပြုလုပ်ကာအဝေးထိန်းရီမုဖြင့်ဖေါက်ခွဲရသောမိုင်းဟောင်းတစ်လုံးဖြစ်ကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။