Trending Now

မိုးညှင်းမြို့ မီးရထားလိုင်းခန်းတွင်နေထိုင်သူထံမှ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သဖြင့် ဥပဒေအရဖမ်းဆီးအရေးယူ

Spread the love

မိုးညှင်းမြို့ မီးရထားလိုင်းခန်းတွင်နေထိုင်သူထံမှ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သဖြင့် ဥပဒေအရဖမ်းဆီးအရေးယူ

EPN
မိုးညှင်း၊ ဇွန် ၂၁

ကချင်ပြည်နယ် မိုးညှင်းမြို့ မီးရထားဝန်ထမ်းလိုင်းခန်းတွင်နေထိုင်သူနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲနေသူ(၂)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဥ်မှာ ဇွန်လ (၂၀)ရက် မွန်းလွဲပိုင်းအချိန်ခန့်က မိုးညှင်း မြို့မရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် ကျော်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့ ရထားရဲတပ်ဖွဲ့အမှတ်(၁) တပ်ခွဲ တပ်စု(၃)မှ တပ်စုမှူး ရဲအုပ် အောင်ကျော်မိုးနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သက်သေ အုတ်ကျင်းရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးစောမောင်၊ ရာအိမ်မှူး ဦးအောင်မြတ် တို့နှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့ မီးရထားဝန်ထမ်းလိုင်းနေ မြင့်လွင်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဝင်ရောက်ရှာဖွေရာ မြင့်လွင်ဦးအားနေအိမ်ဧည့်ခန်းတွင် ၎င်း၏သူငယ်ချင်းများဖြစ်သော ဝင်းအောင်၊ မိုးကျော်တို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကိုတွေ့ရှိရပြီး ၎င်းတို့(၃)ဦး၏အလယ်တွင် အဖြူရောင်သတ္ထုဗူးငယ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့်အလေးချိန် (0.05) ဂရမ်(၁)ဗူး၊ ပန်းရောင်အဖုံးအပိတ်ပါ အဖြူရောင် ကော်ဗူးထဲမှ(0.05)ဂရမ်ပါ (၁)ဗူး၊ အနက်ရောင်စက္ကူနှင့်ထုပ်လျက် (0.05)ဂရမ်ပါ (၁)ထုပ်၊ အမဲရောင်ပလပ်စတစ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား (၆)ပြားပါ (၃)ထုပ်၊ အဖြူရောင်ပလပ်စတစ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား (၃)ပြားပါ (၅)ထုပ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားရှာဖွေတွေ့ရှိခဲ့သဖြင့် ဒုရဲအုပ် ကျော်မင်းနိုင်က သက်သေခံပစ္စည်းများအား ဥပဒေနှင့်အညီသိမ်းဆည်းပြီး တရားလိုပြုလုပ်ကာ ၎င်းတို့ (၃)ဥရောပ အမှုဖွင့် အရေးယူခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြင့်လွင်ဦး (၃၉)နှစ် (ဘ)ဦးကြည်လွင် မိုးညှင်းမြို့ မီးရထားဝန်ထမ်းလိုင်းခန်း အုတ်ကျင်းရပ်ကွက် မိုးညှင်းမြို့၊ ဝင်းအောင် (၅၅)နှစ် (ဘ)ဦးထွန်းခင် မီးရထားရပ်ကွက် အုတ်ကျင်းဒေသစိတ် မိုးညှင်းမြို့နေသူနှင့် မိုးကျော် (၅၃)နှစ် (ဘ)ဦးချစ်စိန် အောင်ချမ်းသာရပ်ကွက် အုတ်ကျင်းဒေသစိတ် မိုးညှင်းမြို့ နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၉၄/၂၀၂၀ ၊ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။