Trending Now

MRTV – 4 ရုပ်သံ သတင်းထောက် တစ်ဦး ရေဖြူမြို့နယ်မှာ ပစ်သတ်ခံရ

Spread the love

MRTV – 4 ရုပ်သံ သတင်းထောက် တစ်ဦး ရေဖြူမြို့နယ်မှာ ပစ်သတ်ခံရ

EPN
ရေဖြူ ၊ ဇန္နဝါရီ ၊ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှာနေတဲ့ ရုပ်သံ သတင်းထောက် တစ်ဦးဟာ မနေ့ ဇန္နဝါရီ ၂၄ ရက် ညနေပိုင်းက ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ ဇင်ဘာလမ်း၊ ဆောက်လုပ်ရေးရုံးနားက ဘိလိယက်ခုံမှာ ပစ်သတ်ခံရတယ်လို့ ရေဖြုမြို့ခံတွေဆီက သိရပါတယ်။

“ကလိန်အောင်မှာနေပြီး ရုပ်သံ သတင်း လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ MRTV – 4 သတင်းဌာနက သတင်းထောက် ကိုလင်းလင်းထွန်း ပစ်သတ်ခံရတာဖြစ်တယ်၊ လူမှုကွန်ရက်ပေါ်မှာတော့ Spring Dhamma PDF KLA အဖွဲ့က ပစ်သတ်တယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့နေတာ တွေ့ရတယ် ၊ ဘာကြောင့် ပစ်သတ်ခံရတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ မြန်မာ့ ဂျာနယ်လစ် နက်ဝဘ်ခ် MJN အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ သတင်းထောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ က ရန်ကုန် ၊ လှိုင်သာယာမှာ သတင်းရယူနေတဲ့ သတင်းထောက် ၂ ဦး မီးရှို့သတ်ခံရပြီး ၂၀၂၂ ကလည်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သတင်းထောက် လင်မယား ၂ ဦး ပစ်သတ်ခံရပါသေးတယ်။

ကမ္ဘာမှာ သတင်းထောက်နဲ့ သတင်းတင်ဆက်သူတွေဟာ ကမ္ဘာ့ရဲ့ နား၊ မျက်စိဖြစ်ပြီး နှစ်စဥ် သတ်ဖြတ်ခံရမှု ဖြစ်စဥ်တွေ တိုးမြင့်လာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် UNESCO Observatory of killed Journalist ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာ့ရပ်ဝန်း အသီးသီးမှာ ၂၀၁၉ အထိ သတင်းသမားတွေ လုပ်ကြံ သတ်ဖြတ်ခံရမှု ဖြစ်စဥ်ပေါင်း ၁၃၇၀ ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ အရေအတွက်ထဲက သတင်းသမား လုပ်ကြံ သတ်ဖြတ်မှု ၁၄ ရာခိုင်နူန်းသာ အမှုမှန် ဖော်ထုတ်နိုင်လို့ တရားရုံးရဲ့ တရားခွင်မှာ အမှုကြားနိုင်ကာ ကျန် ၈၆ ရာခိုင်နူန်းမှာ ဒီကနေ့အထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။