Trending Now

မြစ်ကြီးနား-ပူတာအိုသွားလမ်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထား

Spread the love

မြစ်ကြီးနား-ပူတာအိုသွားလမ်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထား

EPN
မြစ်ကြီးနား၊ မတ် ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ခရီးသွားလာမှု ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းရှိ ဆွမ်ပရာဘွမ်ကျေးရွာနှင့် မလိယာန်ကျေးရွာကြားတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက် ခရီးသွားလာမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။

” လမ်းပိတ်တာက အခုဆို (၂)ရက်ရှိပြီ။ မတ်လ ၉ ရက်နေ့ကတည်းက ပိတ်လိုက်တာ။ ၉ ရက်နေ့က ဆွမ်ပရာဘွမ်နဲ့ မလိယာန်ကြားမှာ တိုက်ပွဲဖြစ်ကြတာ။ အဲ့ဒါကြောင့် လမ်းပိုင်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်။ ဘယ်နေ့မှ ပြန်ဖွင့်မလဲ မသိဘူး။ ခရီးသည်တွေတော့ ပိတ်မိနေကြတာ ဟုတ်တယ်။ တိုက်ပွဲဖြစ်တဲ့ ကျေးရွာအနီးက ပြည်သူတွေလည်း လွတ်ရာကို ရှောင်ကုန်ကြပြီ ” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူများ သွားလာမှုအခက်အခဲများ ကြုံတွေ့နေရ သကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာနှင့် နီးစပ်ရာဒေသများသို့ ရှောင်ပြေးခဲ့ကြောင်း ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။