Trending Now

အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကို တားမြစ်သည့် ဥပဒေသစ်ကို အတည်ပြု

Spread the love

အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကို တားမြစ်သည့် ဥပဒေသစ်ကို အတည်ပြု

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉

အင်ဒိုနီးရှားပါလီမန်သည် အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကို တားမြစ်ရန်နှင့် သမ္မတနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများကို စော်ကားမှုမပြုလုပ်ရန် တာမြစ်ထားသည့် ဥပဒေသစ်တစ်ခုကို အင်္ဂါနေ့က တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့သည်။

ဥပဒေသစ်သည် အင်ဒိုနီးရှားနိုင်ငံသားများနှင့် နိုင်ငံခြားသားများအပါအဝင် သမ္မတ၊ နိုင်ငံတော်အဖွဲ့အစည်းများ သို့မဟုတ် ပန်ကာစီလာဟု သိကြသော အင်ဒိုနီးရှား၏ အမျိုးသားရေးဝါဒကို စော်ကားခြင်းကိုလည်း တားမြစ်ထားသည်။

ပြင်ဆင်ထားသော ဥပဒေသစ်တွင် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လအထိ ချမှတ်နိုင်သည်ဟု ဆိုထားသော်လည်း အိမ်ထောင်ဖက်၊ မိဘ သို့မဟုတ် သားသမီးများက ရဲတပ်ဖွဲ့၏ တိုင်ကြားမှုအပေါ် အခြေခံ၍ အိမ်ထောင်ရေးဖောက်ပြန်မှု စွဲချက်တင်ရန် လိုအပ်သည်။

နိုင်ငံသားများသည် မာ့က်စ်-လီနင်ဝါဒကို လိုက်နာသော အဖွဲ့အစည်းများနှင့် ပေါင်းသင်းခြင်းအတွက် ထောင်ဒဏ် ၁၀ နှစ်၊ အစိုးရအဖွဲ့အစည်းများကို စော်ကားမှုနှင့် ကွန်မြူနစ်ဝါဒ ပြန့်ပွားမှုအတွက် ထောင်ဒဏ် လေးနှစ် ချမှတ်ခံရနိုင်သည်။

“အခြေအတင် ဆွေးနွေးခဲ့ကြတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ မတူညီတဲ့ အမြင်တွေကို လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားထားပါတယ်။ ဒါပေမယ့် ရာဇသတ်ကြီး ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခု ချဖို့နဲ့ ကျွန်တော်တို့ အမွေဆက်ခံထားတဲ့ ကိုလိုနီခေတ် ရာဇဝတ်ကျင့်ထုံးကို ချန်ထားဖို့ အချိန်တန်ပြီ” ဟု ဥပဒေနှင့် လူ့အခွင့်အရေး ဝန်ကြီး ရာဆွန်နာက လွတ်တော်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ စည်းမျဉ်းများအောက်တွင် ပါလီမန်မှ အတည်ပြုခဲ့သော ဥပဒေသည် သမ္မတက လက်မှတ်ရေးထိုးအတည်ပြုရန် လိုအပ်နေသေးသည်။ သို့သော် သမ္မတ လက်မှတ်ရေးထိုးခြင်း မပြုပေမယ့် ပယ်ဖျက်ရန် စည်းမျဉ်း မထုတ်ပြန်ဘူးဆိုပါက ရက်ပေါင်း ၃၀ အကြာတွင် အလိုလျောက် အကျိုးသက်ရောက်မည်ဖြစ်သည်။

လူ့အခွင့်အရေးအုပ်စုများက အချို့သော ပြန်လည်ပြင်ဆင်မှုအချို့ကို ဝေဖန်ကြပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနှင့် ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးထားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလက ယခုဥပဒေမှုကြမ်းကို ထုတ်ပြန်စဉ်အခါကလည်း ဥပဒေအသစ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိခိုက်စေမည်ကို စိုးရိမ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်လာ ဆူပူအုံကြွမှုများတွင် အနည်းဆုံး လူ ၃၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

— ကိုးကား —
AP
Ref; Indonesia’s Parliament votes to ban sex outside of marriage

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။