Trending Now

ခေါင်လန်ဖူးမြို့နယ်တွင် ရဝမ်ဘာသာစကားဖြင့်ကိုဗစ်-၁၉အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် နှာခေါင်းစည်းများလှူဒါန်း

Spread the love

ခေါင်လန်ဖူးမြို့နယ်တွင် ရဝမ်ဘာသာစကားဖြင့်ကိုဗစ်-၁၉အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် နှာခေါင်းစည်းများလှူဒါန်း

EPN
ခေါင်လန်ဖူး၊ ဇွန် ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ယမန်နေ့နံနက်က ရဝမ်စာပေနှင့်ယဉ် ကျေးမှုကော်မတီ ရဝမ်လူငယ်များအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ရဝမ်ဘာသာစကားဖြင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းများလှူဒါန်းခြင်းကို ဆောင် ရွက်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရဝမ်ဌာနေ တိုင်းရင်းသား ဘာသာစကားသာ သိရှိသည့် သက်ကြီး ရွယ်အိုများ၊ တောင်သူလယ်သမားများနှင့် ဌာနေမျိုးနွှယ်စု တိုင်းရင်းသားများ အားလုံး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာများသိရှိပြီး ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေး ကို ရည်ရွယ်လျှက် ရဝမ်ဌာနေတိုင်းရင်းသား ဘာသာစကားဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ရဝမ်လူငယ်တာဝန်ခံ ကိုဖုန်ဂါရမ် မှ ပြောကြားသည်။

အဆိုပါအဖွဲ့သည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ြ ပည်သူများသိရှိလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ ပါဝင်သည့် ဗီနိုင်းပိုစတာ များကပ်ခြင်း၊ ရောဂါကာကွယ်ရေး အသိပညာပေး ဆော်သြခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(၈၀၀)ကို ပြည်သူများ လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။