Trending Now

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရုတ်တရက်ရေလွှမ်းမိုးကြောင့် ၁၄ ဦး သေဆုံးပြီး ၁၀၂ ဦး ပျောက်ဆုံးနေ

Spread the love

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရုတ်တရက်ရေလွှမ်းမိုးကြောင့် ၁၄ ဦး သေဆုံးပြီး ၁၀၂ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အောက်တိုဘာ ၅ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်းကြားချိုင်ဝှမ်းတစ်ခုအတွင်း ရုတ်တရက်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁၄ ဦးထက်မနည်း သေဆုံးကာ ၁၀၂ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ ဆစ်ကင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၂၂,၀၀၀ ထိခိုက်ခဲ့ရပြီး ဒီနေ့ မနက်အစောပိုင်းအထိ လူ ၂၂ ဦး ဒဏ်ရာရှိကာ စစ်မှုထမ်း ၂၂ ဦး အပါအဝင် ၁၀၂ ဦး ပျောက်ဆုံးနေတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီကပြောပါတယ်။ ဒေသအတွင်းမှာရှိတဲ့ တံတတား ၁၁ စင်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနယ်စပ်အနီးရှိ ဆစ်ကင်းပြည်နယ် မြို့တော်ဂန်တိုရဲ့ မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာရှိတဲ့ တိစ်တာ ချိုင်ဝှမ်းမှာ ဗုဒ္ဓဟူးနေ့က မိုးသည်ထန်စွာရွာသွန်းမှုကြောင့် Lhonak ရေခဲမြစ်အတွင်း လျှပ်တပြက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

” တိစ်တာမြစ်ရေကြီးရေလျှံမှုတွေကြောင့် လမ်း၊တံတားတွေ တော်တော်များများမျောပါသွားခဲ့ပေမယ့် ဒီအခြေအနေအောက်မှာပဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဆစ်ကင်းပြည်နယ်နဲ့ အိမ်နီးချင်းပြည်နယ်အချို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးပိုလာမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး မြေပြိုမှုနဲ့ ရုတ်တရက် ရေကြီးမှုအန္တရာယ်တွေကို သတိပေးထားပါတယ်။

ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အိမ်နီးချင်း ပါကစ္စတန်နဲ့ နီပေါတို့မှာလည်း ပြီးခဲ့တဲ့ လပိုင်းအတွင်း မိုးသန်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့သလို ကောက်ပဲသီးနှံတွေ၊ အဆောက်အုံတွေ၊ လမ်းတွေ၊ တံတားတွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။