Trending Now

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာပရဟိတကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှုဒါန်း

Spread the love

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာပရဟိတကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှုဒါန်း

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၅

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ကျွန်းပင်သာပရဟိတကျောင်းတွင် ကချင်အထူးဒေသ (၁) ဥက္ကဌ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးခင်မောင်ကျော်၊ ဦးယောယိန်း၊ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း ဆက်ဆံရေးရုံးမိသားစုများမှ ယ‌နေ့ ဇန်နဝါရီလ ၅ ရက် (ပြာသိုလပြည့်) နေ့တွင် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားတွင် ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးမှ မိသားစုများက ဝထ္ထုငွေတို့ကို ဆက်ကပ်လှူ ဒါန်းခဲ့ကြပြီး ဆရာတော်များထံမှ ငါးပါးသီလနှင့် တရား‌တော်များကို ခံယူခဲ့ကြသည်။

ယင်းနောက်တွင် ဆရာတော်များကို နေ့ဆွမ်းကပ်လှူဒါန်းပူဇော်ခဲ့ကြပြီး ကျွန်းပင်သာပရဟိတကျောင်းမှ မိဘမဲ့ကလေးများနှင့် တက်ရောက်လာသည့်ဧည့်သည်များအား နေ့လယ်စာတို့ကို ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ကျွန်းပင်သာပရဟိတကျောင်းရှိ ဆရာတော်များနှင့် မိဘမဲ့ကလေးငယ်များအတွက် လပြည့်၊ လကွယ်‌နေ့များတွင် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။