Trending Now

SPIC ကုမ္ပဏီက မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ဂေဟာများတွင် ငွေသားများ ထောက်ပံ့

Spread the love

SPIC ကုမ္ပဏီက မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ဂေဟာများတွင် ငွေသားများ ထောက်ပံ့

EPN
မြစ်ကြီးနား၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က မိဘမဲ့ဂေဟာ သုံးခုအပါအဝင် အခြေခံမူလတန်း ကျောင်းတစ်ခုအတွက် တရုတ်နိုင်ငံ ​ခွေမင်ရှိ SPICကုမ္ပဏီ ဌာနချုပ်မှ တရုတ်ဝန်ထမ်းများ၏ လစာ​ငွေထဲက စု​ပေါင်းထည့်ဝင်ထားသောငွေ ကျပ်သိန်း(၆၀)ကို ယမန်နေ့ ဇွန်လ (၂၃)ရက် နေ့က သွားရောက်ထောက်ပံ့ခဲ့သည်။

ဤသို့ သွားရောက်ထောက်ပံ့ရာတွင် GRACE HAPPY LAND မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေး ကျောင်းတွင်ကျပ်(၁၅)သိန်း၊ မဘမဲ့မေတ္တာရိပ်မြုံ ပရဟိတဂေဟာအတွက် ကျပ်(၁၅)သိန်း၊ ဧမာနွေလ မိဘမဲ့ဂေဟာအတွက် ကျပ်(၁၅)သိန်းနှင့် တိုက်ပွဲရှောင်နှင့်မိဘမဲ့ ကျောင်းသားကျောင်းသူများအများဆုံး တက်ရောက်သည့် စီတာပူ ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းသုံး ပရိဘောဂများ ဖြည့်စွပ်ဝယ်ယူရန် ကျပ်(၁၅)သ်ိန်း စုစုပေါင်းငွေကျပ်သ်ိန်း (၆၀)ကို သွားရောက်လှူဒါန်း ခဲ့ကြောင်း SPICကုမ္ပဏီမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ကာလအတွင်း မိဘမဲ့ဂေဟာများရှိ ကျောင်းသားကျောင်းသူများ ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ယခုကဲ့သို့ထောက်ပံ့ရခြင်းဖြစ်ပြီး သွားရောက်လှူဒါန်းခဲ့သည့် ထောက်ပံ့ငွေသားများမှာလည်း တရုတ်နိုင်ငံ SPIC ကုမ္ပဏီဌာနချုပ်ရှိ တရုတ်ဝန်ထမ်းများ၏ ထည့်ဝင်လှူဒါန်းငွေ များဖြင့်ထောက်ပံ့ ခြင်းကြောင်း SPICကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီငွေတွေက ကျွန်မတို့ တရုတ်နိုင်ငံ ခွေမင်မှာရှိတဲ့ SPICကုမ္ပဏီ ဌာနချုပ် မှာအလုပ်လုပ်နေတဲ့ တရုတ်ဝန်ထမ်းတွေက သူတို့လစာတွေထဲကနေ စုပြီးတော့မှ ထောက်ပံ့လှူဒါန်းတာဖြစ်တယ်။ အခုက အားလုံးခက်ခဲတဲ့ကာလဆိုတော့ ကျွန်မတို့ကုမ္ပ ဏီအနေနဲ့ အခုလိုတတ်နိုင်တဲ့ဘက်က ထောက်ပံ့လှူဒါန်းတာဖြစ်တယ်”ဟု SPICကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

SPICကုမ္ပဏီအနေဖြင့် မိဘမဲ့ဂေဟာများတွင် ကိုဗစ် ၁၉ ကာလအတွင်း ယခုကဲ့သို့ ငွေများထောက် ပံ့ခြင်းအပြင် ကိုဗစ် ၁၉ စတင်ဖြစ်ပွားချိန်တွင်လည်း ယင်းဂေဟာများအတွင်း ပိုးသတ်ဆေးဖြန်းခြင်း ၊ နှာခေါင်းစည်းများ လှူဒါန်းခြင်းနှင့် လက်ဆေးရှည်များလှူဒါန်းခြင်းအပြင် ကျန်းမာရေးသွားရောက်စစ် ဆေးပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။