Trending Now

မိုးညှင်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး နေအိမ်ရှေ့တွင် ပစ်သတ်ခံရ

Spread the love

မိုးညှင်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး နေအိမ်ရှေ့တွင် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦးသည် ၎င်းအိမ်ရှေ့၌ လမ်းလျောက်နေစဉ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အသတ်ခံရတဲ့သူက ဦးသန့်ဇင်တဲ့ ပရဟိတ သမားပါ သူ့အိမ်ရှေ့မှာ လမ်းလျောက်နေတုန်း သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပီး ၆ ချက်တောင် ပစ်သတ်သွားတာ” ဟု ၎င်းကပြောသည်။

မိုးညှင်းမြို့နယ် နန်းမားမြို့နေ (ကိုဗစ်-၁၉ စင်တာ ဘဏ္ဍာရေးမှူး/ ပုညကာရီပရဟိတအသင်းဝင်) ဖြစ်သူ ဦးသန့်ဇင်သည် ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် နေအိမ်ရှေ့၌ လမ်းလျှောက်နေစဉ် အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူ ဦးသန့်ဇင်၏ ရုပ်အလောင်းကို ပုညကာရီ ပရဟိတအသင်းပိုင် မော်တော်ယာဉ်ဖြင့် မိုးညှင်းခရိုင်ပြည်သူ့ ဆေးရုံးကြီးသို့ ယနေ့နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး တရာခံများအား ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။