Trending Now

အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ သန်း ၆၀၀ တန်စစ်ရေးအကူအညီကို ထပ်မံကြေညာ

Spread the love

အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ သန်း ၆၀၀ တန်စစ်ရေးအကူအညီကို ထပ်မံကြေညာ

EPN
နိုင်ငံကတာ၊ စက်တင်ဘာ ၈

ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာတစ်ဘီလီယံ ကူညီဖို့ ကတိပြုခဲ့ပြီး တစ်ရက်အကြာမှာပဲ အမေရိကန်က ဒေါ်လာ သန်း ၆၀၀ တန် လုံခြုံရေးထောက်ပံ့မှုအစီအစဉ်သစ်ကို စက်တင်ဘာ ၇ ရက်နေ့က ထပ်မံကြေညာခဲ့ပါတယ်။

ယူကရိန်းအတွက် ဒေါ်လာ သန်း ၆၀၀ လုံခြုံရေး ထောက်ပံ့မှု ပက်ကေ့ချ်သစ်မှာ မိုင်းရှင်းလင်းရေး ကိရိယာတွေ၊ အမြောက်ကျည်တွေနဲ အခြားလက်နက်တွေအပြင် အမေရိကန်လုပ် M1 Abrams တင့်ကားတွေအတွက် ယူရေနီယံ ခဲယမ်းမီးကျောက်တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

“ဒီထောက်ပံ့မှုဟာ ယူကရိန်းအတွက် စစ်မြေပြင် လိုအပ်ချက်တွေကို ပံ့ပိုးပေးတာဖြစ်ပြီး အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုကို ပြသလိုက်တာဖြစ်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထောက်ပံ့မှုဟာ အမေရိကန်စစ်တပ်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းတွေထဲက တိုက်ရိုက်ထုတ်ပေးတာမဟုတ်ဘဲ တစ်ခြားမဟာမိတ်နိုင်ငံတွေက တဆင့်ပြန်လည် ဝယ်ယူရဦးမှာဖြစ်တဲ့အတွက် စစ်ရေးအကူအညီက စစ်မြေပြင်ကို ချက်ချင်းရောက်မှာမဟုတ်ဘူးလို့ ပင်တဂွန်က ဆိုပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။