Trending Now

ချီဖွေမြို့အဝင်နား တောင်ပြိုကျမှုကြောင့် ဆိုင်ကယ်တစ်စီး ပိမိ

Spread the love

ချီဖွေမြို့အဝင်နား တောင်ပြိုကျမှုကြောင့် ဆိုင်ကယ်တစ်စီး ပိမိ

EPN
ချီဖွေ၊ ဇူလိုင် ၉

ကချင်အထူးဒေသ(၁)၊ ချီဖွေမြို့အဝင်နား ကားလမ်းပိုင်းတစ်နေရာတွင် ယနေ့ ဇူလှိုင်လ ၉ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ပြိုကျပြီး ဆိုင်ကယ်တစ်စီး ပိမိခဲ့ ကြောင်း သိရသည်။

အဆိုပါ ကားလမ်းပေါ်၌ ဆိုင်ကယ်သွားနေချိန်မှာ တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းတောင်ပြိုမှုကြောင့် မြေသားများမှာ ကားလမ်းပေါ်မှာ ရောက်ရှိခဲ့ကြောင်း၊ ဆိုင်ကယ်ပေါ်မှ လူသည် ထွက်ပြေးလွှတ်မြောက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိမှာ ယင်းတောင်ပြိုမှုကြောင့် လမ်းပိုင်းအသွားအလာပိတ်နေပြီး သက်ဆိုင်ရာများက လမ်းပိုင်းရှင်းလင်းရေးကို လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ချန်းမျှော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။