Trending Now

ဓာတ္အားလိုင္း ျပဳျပင္ျခင္း လုပ္ငန္းေဆာင္႐ြက္ေနစဥ္ ဗန္းေမာ္ခရိုင္အတြင္းရွိ ျမိဳ ့နယ္မ်ား ဓာတ္အား ျပတ္ေတာက္မည္

Spread the love

ဓာတ္အားလိုင္း ျပဳျပင္ျခင္း လုပ္ငန္းေဆာင္႐ြက္ေနစဥ္ ဗန္းေမာ္ခရိုင္အတြင္းရွိ ျမိဳ ့နယ္မ်ား ဓာတ္အား ျပတ္ေတာက္မည္
EPN
ဗန္းေမာ္၊ ေဖေဖၚဝါရီ ၂၂

၁၁၀ ေကဗြီရွိ တာပိန္(၁) ဓာတ္အားလိုင္း ျပဳျပင္ျခင္းလုပ္ငန္း ေဆာင္ရြက္ေနစဥ္ ဗန္းေမာ္ခရိုင္ အတြင္းရွိ ျမိဳ႕နယ္မ်ား လ်ွပ္စစ္ဓာတ္အား ျပတ္ေတာက္ေနမည္ျဖစ္ေၾကာင္းဗန္းေမာ္ ခရိုင္လ်ွပ္စစ္ အင္ဂ်င္နီယာ ရံုး
ထံမွ သိရသည္။
မဟာဓာတ္အားလိုင္းမွဴး(ေက်ာက္ပုထိုး)မွတာဝန္ယူထိန္းသိမ္းရေသာ ၁၁၀ေကဗြီ တာပိန္(၁) ဗန္းေမာ္ဓာတ္အားလိုင္းတြင္ 397.5 MCM ACSR Conductor (IBIS) မ်ားအား ACCC Conductor(LAREDO) ( 268.5mm2) မ်ားျဖင့္ အစားထိုးလဲလွယ္တပ္ဆင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ၿပီးစီးမႈအား စစ္ေဆးေရးအဖြဲ႕ႏွင့္ စစ္ေဆးခဲ့ရာ တိုင္အမွတ္TB-59 (Ten;)တိုင္ရွိ Jumper Connection (၁)ဖက္၌ Bolt Nut (၂)လံုးေလ်ာ့ေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ အဆိုပါ Jumper Connection Nut မ်ား ေလ်ာ့နည္းေနျခင္းအား ့ ျပန္လည္ျပဳျပင္ ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ၁၃၂ေကဗီြ တာပိန္(၁)ဗန္းေမာ္ဓာတ္အားလိုင္းကို ေဖေဖၚဝါရီ ၂၃ ရက္ ေန႔ မြန္းတည့္ ၁၂ နာရီမွ မြန္းလဲြ ၁ နာရီ အတြင္း ဓာတ္အားပိတ္၍ေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရသည္။
လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ဗန္းေမာ္ခ ရိုင္အတြင္းရွိဗန္းေမာ္၊ မိုးေမာက္၊ မန္စီ၊ ေဒါ့ဖုန္းယန္၊ ေ႐ႊကူနွင့္ၿမိဳ႕လွၿမိဳ႕နယ္မ်ားရွိလ်ွပ္စစ္မီးသံုးစြဲသူ ဦးေရ ( ၃၅၁၅၇ ) ဦးဓာတ္အားျပတ္ေတာက္ေန မည္ျဖစ္ေၾကာင္းဗန္းေမာ္ရိုင္အင္ဂ်င္နီယာရံုးမွ သိရသည္။
ဗန္းေမာ္သုခမိန္
———————————————
ဓာတ်အားလိုင်း ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များ ဓာတ်အား ပြတ်တောက်မည်
EPN
ဗန်းမော်၊ ဖေဖေါ်ဝါရီ ၂၂
၁၁၀ ကေဗွီရှိ တာပိန်(၁) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ဗန်းမော်ခရိုင် အတွင်းရှိ မြို့နယ်များ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်းဗန်းမော် ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ရုံးထံမှ သိရသည်။
မဟာဓာတ်အားလိုင်းမှူး(ကျောက်ပုထိုး)မှတာဝန်ယူထိန်းသိမ်းရသော ၁၁၀ကေဗွီ တာပိန်(၁) ဗန်းမော်ဓာတ်အားလိုင်းတွင် 397.5 MCM ACSR Conductor (IBIS) များအား ACCC Conductor(LAREDO) ( 268.5mm2) များဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား စစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးခဲ့ရာ တိုင်အမှတ်TB-59 (Ten;)တိုင်ရှိ Jumper Connection (၁)ဖက်၌ Bolt Nut (၂)လုံးလျော့နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ Jumper Connection Nut များ လျော့နည်းနေခြင်းအား့ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ၁၃၂ကေဗွီ တာပိန်(၁)ဗန်းမော်ဓာတ်အားလိုင်းကို ဖေဖေါ်ဝါရီ ၂၃ ရက် နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီ အတွင်း ဓာတ်အားပိတ်၍ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဗန်းမော်ခ ရိုင်အတွင်းရှိဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ဒေါ့ဖုန်းယန်၊ ရွှေကူနှင့်မြို့လှမြို့နယ်များရှိလျှပ်စစ်မီးသုံးစွဲသူ ဦးရေ ( ၃၅၁၅၇ ) ဦးဓာတ်အားပြတ်တောက်နေ မည်ဖြစ်ကြောင်းဗန်းမော်ရိုင်အင်ဂျင်နီယာရုံးမှ သိရသည်။
ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။