Trending Now

ရဲတပ်ဖွဲ့ ဂရုထဲကို နှစ်လုံးထီ လှမ်းထိုးမိတဲ့ ထိုင်းအမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

Spread the love

ရဲတပ်ဖွဲ့ ဂရုထဲကို နှစ်လုံးထီ လှမ်းထိုးမိတဲ့ ထိုင်းအမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ မတ် ၂၉

ထိုင်းနိုင်ငံ၊ တာ့ခရိုင် ရဲတပ်ဖွဲ့က ထောင်ထားတဲ့ line chat ဂရုထဲကို နှစ်လုံးထီ လှမ်းထိုးမိတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ကင်ကန် ဆိုတဲ့ အဲဒီထိုင်းအမျိုးသမီးကြီးဟာ ရဲတပ်ဖွဲ့ဝင် ၄၃၉ ဦးရှိတဲ့ ဂရုထဲကို မတ်လ ၂၄ ရက်နေ့မှာ နှစ်လုံးထီထိုးတဲ့ စာရွက်ကို မှားပို့ခဲ့တာဖြစ်ပါတယ်။

အဖွဲ့ထဲက ရဲအရာရှိတစ်ယောက်က “ဂရုမှားနေတယ်” လို့ အသိပေးခဲ့သလို အခြားတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အဖွဲ့မှားပို့လိုက်တာလား။ အမြန်ပြန်ဖျက်ပါ ဒီအဖွဲ့မှာ ရဲတွေအများကြီးရှိပါတယ်။” လို့ အသိပေးခဲ့ပေမယ့် သူမက မဖျက်ပဲထားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ သတိပေးခဲ့တဲ့ကြားက မဖျက်ဘဲ ထားလို့ ရဲတပ်ဖွဲ့က စုံစမ်းပြီးနောက် မတ် ၂၅ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်မှာ စခန်းကို လာရှင်းဖို့ ဆင့်ခေါ်ရင်း တရားမဝင် လောင်းကစားမှုနဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးကြီးကလည်း တရားမဝင် နှစ်လုံးထီနံပါတ်တွေကို မှားပို့မိခဲ့ပြီးနောက် ဖုန်းက လွတ်ကျကွဲသွားတဲ့အတွက် ပြန်ဖျက်ခိုင်းတာကို မသိခဲ့ရတာလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

Ref: thethaiger


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။