Trending Now

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို စတင်လျှောက်ထားနိုင်ဟု UEC ထုတ်ပြန်

Spread the love

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို စတင်လျှောက်ထားနိုင်ဟု UEC ထုတ်ပြန်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ဇန်နဝါရီ (၃၁) ရက်မှစတင်ကာ ရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

UEC သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

သို့ဖြစ်၍ နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နေပြည်တော်ရှိ UEC ရုံးတွင် ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင် ကြောင်း ထုတ်ပြန်ထားသည်။

ထိုပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅တွင် အကျုံးဝင်သော ပါတီများသည် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုပါက ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နေ ပြည်တော်ရှိ UEC ရုံးတွင် ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။