Trending Now

ပုလဲမြို့နယ် ဇီးဖြူကုန်ရွာကို အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးတဲ့အတွက် လူနေအိမ် သုံးဆယ်ကျော် မီးလောင်ပြီး လူလေးယောက် သေဆုံး

Spread the love

ပုလဲမြို့နယ် ဇီးဖြူကုန်ရွာကို အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးတဲ့အတွက် လူနေအိမ် သုံးဆယ်ကျော် မီးလောင်ပြီး လူလေးယောက် သေဆုံး
EPN
ပုလဲ၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို အကြမ်းဖက်သမားတွေက အခုလ ၁၅ ရက်၊ မနက်အစောပိုင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် သုံးဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး လူလေးယောက် သေဆုံးခဲ့ရတယ်လို့ ပုလဲမြို့ခံတွေထံက သိရပါတယ်။
“လူနေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီးတယ်၊ ရွာခံလူ ဦးလှရွှေ၊ ဦးဖိုးညို၊ ဦးသန်းဆွေနဲ့ ဒေါ်တင်စု တို့လေးယောက် သေဆုံးတယ်၊ မီးလောင်သေဆုံးတာ မဟုတ်ဘူး၊ ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးနေတာ” လို့ အဲ့ဒီ ဖြစ်ရပ်ကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်သမားတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ဇီးဖြူကုန်းကျေးရွာကို နယ်မြေရှင်းလင်းရေးအဖွဲ့တွေ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းတဲ့အခါ တူမီး သေနတ် ၁ လက်၊ လုပ်လုပ်ပစ္စတို သေနတ် ၂ လက်၊ လက်လုပ်ဗုံးသီး ၁၃ လုံး၊ ၅.၅၆ ကျည် ၁ တောင့် နဲ့ ၁၂ ဗို့ ကျည် ၉ တောင့်တို့အား သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။