Trending Now


Spread the love


EPN





ဆိုင်​ကယ်​ခိုးယူသူတရားခံဇွန်​​မောင်​ဦး ၂၆နှစ်​ဆိပ်​မူ​ကျေးရွာအုပ်​စု၊နမ့်​​မှော်​​ကျေးရွာ​နေသူကို ဖားကန့်​မြို့မရဲစခန်းတွင

မီးမီး
ဆိုင်ကယ်၁၉စီးအားတစ်ကိုယ်တော်ခိုးယူသူကိုဖမ်းမိ

EPN
မြစ်ကြီးနား ၊ဖေဖော်ဝါရီ ၁၈

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊နမ့်မှော်ကျေးရွာနေ တရားလိုဦးကျော်ဇင်ဝမ်းသည် CANDA…125နီနက်ကြား ၃စီး၊FEELING..125နီနက်ကြား ၁စီးတို့ကိုအိမ်အောက်ထပ်တွင် ချိန်းကြိုးဖြင့်သော့ခတ်ထားပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့ညက နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ်အောက်ထပ်ရှိ ၎င်း၏ယောက်ဖတော်စပ်သူမှ “သူခိုး သူခိုး´´ဟုအော်သံကြား၍ပြေးလိုက်ရာ ရပ်ကွက်အတွင်းရေမဆေးရှာရာ မှ ပြန်လာသည့်လူငယ်၁၀ဦးခန့်နှင့် ဆိုင်ကယ်ခိုးယူသူကို ဝိုင်းဝန်းဖမ်းဆီးပြီးရဲစခန်းသို့အကြောင်းကြားရာခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်း၏မှတ်တမ်းများအရ သိရသည်။

အဆိုပါဆိုင်ကယ်ခိုးယူသူတရားခံဇွန်မောင်ဦး ၂၆နှစ်ကို အမှုစစ်ဆေးရာမှ ယခင်နှစ်များကလည်း နမ့်မှော်ကျေးရွာအတွင်းရှိရပ်ကွက်များတွင် ဆိုင်ကယ်မျိုးစုံ ၁၉စီးကိုခိုးယူသူဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင်ရဲအုပ်ထွန်းထွန်းဝင်းကပြောသည်။

“အမှုစစ်ရင်း မေးရင်းနဲ့ ကွင်းဆက်အဖြစ် သူအရင်တုန်းကကျူးလွန်ခဲ့တဲ့ တခြားဆိုင်ကယ်ခိုးမှုတွေပါ ပေါ်ပေါက်လာတာပါ စုစုပေါင်းဆိုင်ကယ်၁၉စီးပါ´´ဟု ၎င်းကပြောသည်။

ဆိုင်ကယ်ခိုးယူသူတရားခံဇွန်မောင်ဦး ၂၆နှစ်ဆိပ်မူကျေးရွာအုပ်စု၊နမ့်မှော်ကျေးရွာနေသူကို ဖားကန့်ြမို့မရဲစခန်းတွင်
အမှုအမှတ် (ပ)၂၆/၂၀၁၉အရ အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မီးမီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။