Trending Now

မြစ်ကြီးနားမြို့တွင် နှစ်ရက်အတွင်း မီးလောင်မှုကြောင့် အဆောက်အအုံ ၄ လုံး ပျက်စီး

Spread the love

မြစ်ကြီးနားမြို့တွင် နှစ်ရက်အတွင်း မီးလောင်မှုကြောင့် အဆောက်အအုံ ၄ လုံး ပျက်စီး

EPN
မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုလ ဖေဖော်ဝါရီ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့အတွင်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကာ အဆောက်အအုံ ၄ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီခန့်က တပ်ကုန်းရပ်ကွက် ၊ စံပြလမ်းအတွင်း လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ နေအိမ် ၃ လုံးဆင့် မီးလောင် ဆုံးရှူံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် အလျား ၁၈ ပေ ၊ အနံ ၁၈ ပေရှိ သွပ်မိုး ထံရံကာ ပျဥ်ခင်း ၂ ထပ် အိမ် ၁ လုံး၊ အလျား၁၈ ပေ၊ အနံ ၂၄ ပေ သွပ်မိုးထံရံကာ မြေစိုက်အိမ် ၁လုံး၊ အလျား ၂၇ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး ထံရံကာ ပျဥ်ခင်း ၂ ထပ် အိမ် ၁ လုံး၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေ ၂၉သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးစည်သူစိုးကို မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေ ရဲစခန်းတွင် (ပ)၁၅/၂၀၂၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်က လယ်ကုန်းရပ်ကွက်၊ မလိယမ်လမ်းရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ ဝါယာကြိုးအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား ၂၀ ပေ၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ အုတ်ညှပ် မြေစိုက်အိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၀ သိန်းခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးအင်မရာမ် ဆိုသူကို မြစ်ကြီးနားမြို့နယ်၊ နယ်မြေရဲစခန်းတွင် (ပ)၃၇ /၂၀၂၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။