Trending Now

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၄ သိန်းကျော်နေ

Spread the love

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၄ သိန်းကျော်နေ

EPN
နိုင်ငံတကာ၊ ဇွန် ၈

အိန္ဒိယနဲ့ဘရာဇီးနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမြင့်တက်လာပြီး ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၄ သိန်းကျော်နေသည်။

သေဆုံးသူ ၄ ပုံတစ်ပုံမှာ အမေရိကန်မှဖြစ်ပြီး တောင်အမေရိကတွင်လည်း သေဆုံးသူများမြင့်တက်နေသည်။


၅ လအတွင်း COVID-19 နှင့် ဆက်စပ်နေသည့်သေဆုံးသူအရေအတွက်မှာ ကမ္ဘာသေဆုံးမှုအများဆုံးကူးစက် ရောဂါများထဲတွင်ပါသည့် ငှက်ဖျားရောဂါကြောင့် တစ်နှစ်လျှင်သေဆုံးသူဦးရေနှင့် တူညီနေသည်။

ကမ္ဘာတဝန်းကူးစက်မှု ၇ သန်းနားကပ်လာပြီး ကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်းဖြစ်သည့်လူ ၂ သန်းကျော်မှာ အမေ ရိကန်မှဖြစ်သည်။

လက်တင်အမေရိကတွင် ကူးစက်ခံရသူ ၁၅ ရာခိုင်နှုန်းကျော်ရှိပြီး ဒုတိယကူးစက်မှုအများဆုံးဒေသဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူကို ဇန်နဝါရီ ၁၀ ရက်က တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်တွေ့ခဲ့ပြီး ဖေ ဖော်ဝါရီလဆန်းတွင် သေဆုံးသူ ၁ သိန်းပြည့်ခဲ့သည်။

သေဆုံးသူ ၃ သိန်းမှ ၄ သိန်းရောက်ရန် ၂၄ ရက်ကြာသည်။

အမေရိကန်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၁၁၀၀၀၀ နီးပါးရှိနေသည်။

ဘရာဇီးတွင်သေဆုံးသူဦးရေမြင့်တက်နေပြီး ဗြိတိန်ထက်ကျော်လွန်ကာ ဒုတိယသေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေ သည်။

အချို့နိုင်ငံများတွင် ကူးစက်ခံရသူအားလုံးကိုစစ်ဆေးနိုင်သည့်စမ်းသပ်ပစ္စည်းအလုံအလောက်မရှိခြင်းနှင့် ဆေး ရုံပြင်ပသေဆုံးမှုများကိုထည့်မတွက်ခြင်းတို့ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ၄ သိန်းထက် ကျော်လွန်နေနိုင်သည်။

Ref : Global coronavirus deaths top 400,000 as outbreak grows in Brazil, India: Reuters tally


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။