Trending Now

ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသည့် NLD ပါတီဝင်သုံးဦး ပြန်လွတ်လာ

Spread the love

ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသည့် NLD ပါတီဝင်သုံးဦး ပြန်လွတ်လာ

EPN
ရန်ကုန်၊ နိုဝင်ဘာ ၄ (၂၀၂၃)

ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်လွှတ်တော်အမတ်နှစ်ဦးနှင့် NLD ပါတီဝင်တစ်ဦး နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသူ သုံးဦးသည် NLD ပါတီ ဗဟိုကော်မတီဝင်၊ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးဘမျိုး သိမ်းနှင့်ဦးစိုးလေး၊ NLDပါတီဝင် ရခိုင်ပြည်နယ်လူငယ်လုပ် ငန်းအဖွဲ့ဝင်ကို ဟိန်းမင်းထက်တို့ဖြစ်ပြီး ယင်းတို့သုံးဦးသည် လွတ် ရက်စေ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ် သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

”ဟုတ်ကဲ့ သုံးဦး လွတ်လာတယ်ဆိုတာမှန်ပါတယ်။ သူတို့ သုံးဦး ထဲက ဦးဘမျိုးသိမ်းက ၈၈ မျိုးဆက်နိုင်ငံရေးသမားတစ်ဦးပါ။ သူက အမျိုးသားလွှတ်တော်မှာလည်း တောင်သူလယ်သမားရေး ရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဦးစိုးလေး ကတော့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ အမျိုးသား လွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဝင် တစ်ဦး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပြန်လွတ်မြောက်လာသည့် NLD ပါတီဝင် ၃ဦးသည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလက စတင်ဖမ်းဆီးခံခဲ့ရပြီး ၁၉၀၈ ခုနှစ်၊ မတရားအသင်းအက်ဥပဒေပုဒ်မ – ၁၇ (၁)ဖြင့်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။